ငါးရှဉ့်၊ကဏန်း ဈေးကောင်းရနေ

 

                   မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက်နေ့ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၅၁၄ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၀၂၀ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ရေထွက်ကုန်များမှာ ကဏန်း ၂၈၆ တန်၊ ငါးရှဉ့် ၇၃ တန်နီးပါး၊ ရေခဲငါး ၁၈၃ တန်၊ ငါးလေးခြောက် ၃၄၇ တန်၊ ငါးဆားနယ် ၉၈ တန်၊ ငါးစီဖောင်း ၃ တန်ခန့်၊ ငါးမြစ်ချင်းစီဖောင်းနဲ့ငါးကြင်းစီဖောင်း ၅ တန်ခန့်စီ၊ ငါးခြောက် ၁၃ တန်ကျော်၊ ငါးဟောက်နဲ့ ငါးလင်ဘန်း ၁ တန်ခန့်စီ ၊ ငါးပူတင်း ရေခွံခြောက်နဲ့ ငါးလိပ်ကျောက် ရေခွံကျောက် ၂ တန်ကျော်စီဖြစ်ပါတယ်။

          မူဆယ်မှ ငါးရှဉ့် ၊ ကဏန်း တင်ပို့မှုအားကောင်းလျက်ရှိပြီး တရုတ်နှစ်ကူးရှိတဲ့အတွက် ဈေးကောင်းလည်းရနေပါတယ်။ ယခုတစ်ပတ်မူဆယ်ကုန်စည်ဒိုင်မှ ငါးရှဉ့်၊ ကဏန်းပေါက်ဈေးများကို ယခင်တစ်ပတ်နဲ့နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်-

 

                မိမိဘက်        ကျပ်/တန်                   တစ်ဘက်နိုင်ငံ       ဒေါ်လာ/တန်

                  ယခု           ယခင်   ပြောင်းလဲမှု      ရာခိုင်နှုန်း    ယခု   ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း        

ငါးရှဉ့်     ၇၁၃၈၀ဝဝ    ၅၅၇၆၀ဝဝ   ၁၅၆၂၀ဝဝ       ၂၂      ၆၈၉၁   ၅၅၉၅     ၁၂၉၆      ၁၉     

ကဏန်း   ၇၉၅၄၀၅၆   ၅၁၂၅၀ဝဝ   ၂၈၂၉၀၅၆       ၃၆      ၇၆၇၉   ၅၉၉၆    ၁၆၈၃       ၂၂     

         

                                                                                                                                                                                             ယဉ်ယဉ်အေး MIRT ( DCCA)