ရေစီးကမ်းပြို ဖြစ်ပွားခြင်းနဲ့သွားဖုံးရောဂါလက္ခဏာများ

 

          သွားဖုံးရောဂါနဲ့သွားဖုံးနာကျင်မှုများကို သဘာဝနည်းလမ်းများအသုံးပြု၍တိုက်ခိုက်ရန်မှာ သွားကို နည်းလမ်းမှန်စွာတိုက်ရန်ဖြစ်ပါတယ်။ ညံ့ဖျင်းသောထိန်းသိမ်းစောင့်ရှောက်မှုကြောင့် သွားကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။သွားဖုံးရောဂါဖြစ်ပွားပါက သွားဖုံးတစ်သျှူးများကိုရော ပါးစပ်အတွင်းရှိ အရိုးများကို ပျက်စီးစေနိုင်ပါတယ်။သွားဖုံးများမှေးမှိန်ပြီး သွားများကျိုးပဲ့သည်အထိဖြစ်စေနိုင်ပါတယ်။နေ့စဉ်သွားတိုက်ခြင်း၊ ဆရာဝန်အား ပုံမှန်ပြသခြင်းများကိုလည်း လုပ်ဆောင်ဖို့လိုပါတယ်။  ပုံမှန်အားဖြင့် သွားဖုံးအရောင်များဟာ ပန်းနုရောင်ဖြစ်ပြီး ခိုင်မာမှုရှိပါတယ်။ အကယ်၍ သွားဖုံးရဲ့အရောင်ဟာ နီညိုရောင်ပြောင်းသွားခြင်း ၊သွေးယိုစီးမှုများဖြစ်ပွားခြင်း တို့ဖြစ်ပါက သွားဆရာဝန် ထံသွားရောက်ပြသ ရန်လိုအပ်ပါတယ်။ သွားဖုံးရောဂါ လက္ခဏာများကတော့ သွားဖုံးများရောင်ရမ်းခြင်း၊ အနီရောင်ဖြစ်ခြင်း၊ သွေးယိုစီးခြင်း၊ အထိမခံနိုင်ခြင်း၊ ခံတွင်းနံစော်ခြင်း ၊သွားဖုံးနဲ့သွားများအကြား ပြည်တည်ခြင်း၊ခံတွင်းပျက်ခြင်း ၊သွားကျိုးခြင်းနဲ့ သွားဖုံးများတိမ်ပြီးသွားများ ရှည်လျားစွာတွေ့မြင်ရခြင်းတို့ပဲဖြစ်ပါတယ်။ သွားဖုံးများ ပျက်စီးခြင်းကို သဘာဝနည်းလမ်းနဲ့ကုသပြီး သင့်ရဲ့အပြုံးကို  ထိန်းသိမ်းကြပါစို့။

 

 

                                                                                        ရှင်ပါဂူ