စခန်းစုံက တင်ပို့တဲ့နနွင်းတက်

 

          ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၄၅၅၀၉ တန်ဖိုးရှိ နနွင်းတက် ၇၉ တန်ခွဲ၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၈၁၆၁ တန်ဖိုးရှိ နနွင်းတက် ၃၁ တန်ခွဲ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ  စစ်တွေနဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁၄၉၀ဝ တန်ဖိုးရှိ နနွင်းတက် ၁၃ တန်တင်ပို့ ခဲ့ပါတယ်။ ယခင်သီတင်းပတ်က မူဆယ်မှ ၄၅ တန်ခွဲနဲ့ စစ်တွေမှ ၁၃ တန်ခွဲသာ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဇန်နဝါရီလအတွင်း နနွင်းတက် တစ်တန်ရဲ့ မိမိဘက်ပေါက်ဈေးဟာ ၅၈၅၀ဝ၀ ကျပ်ရှိရာ ယခုလတွင်  ၅၈၈၀ဝ၀ ကျပ်သို့ အနည်းငယ်မြင့်တက်လာခဲ့ပါတယ်။ ရိုးရိုးနနွင်းထက် ဆင်တောင်နနွင်းက ဈေးပိုမိုရရှိတယ်လို့ သိရပါတယ်။

                                                                                                                                                                                             မော်မော်အောင် MIRT (DCCA)