တစ်ဖက်နိုင်ငံရေး ပဋိပက္ခများကြောင့် နေ့စဉ်လိုလို ဆူပူဆန္ဒပြမှုများ၊ ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိ

 

          မောင်တောနယ်စပ် တစ်ဖက်နိုင်ငံမှာ အာဏာရပါတီနဲ့ အတိုက်အခံပါတီ နှစ်ခုအကြား နိုင်ငံရေး ပဋိပက္ခများကြောင့် နေ့စဉ်လိုလို ဆန္ဒပြမှုများ၊ ကားလမ်းပိတ်ဆို့မှုများ ပြုလုပ်လျက်ရှိရာ တစ်ဖက်နိုင်ငံရဲ့ နိုင်ငံရေး တည်ငြိမ်မှုရှိမှသာ မိမိနိုင်ငံက တင်ပို့တဲ့ ကုန်ပစ္စည်းများ အဆင်ပြေစွာ သွားလာနိုင်မယ်လို့  မောင်တောနယ်စပ် ကုန်သည်အသင်းဥက္ကဋ္ဌက ဇန်နဝါရီလအတွက်  ပြုလုပ်တဲ့  မောင်တောနယ်စပ် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ  ပြောကြားခဲ့တာဖြစ်ပါတယ်။  မြန်မာနိုင်ငံမှ ပုစွန်များကို လက်ခံနေတဲ့ ကော့ဘဇားရှိ အအေးခန်းစက်ရုံမှာ  ယခုထိလိုင်စင်သစ်မရရှိ  သေးတာကိုလည်း သတင်းရရှိထားတယ်လို့ ဆွေးနွေးချပြခဲ့ပါတယ်။ ငါးခြောက်ရာသီဖြစ်တဲ့အတွက် ကျောက်ဖြူ၊ သံတွဲမှ ငါးခြောက်များ ပိုမိုမှာယူပြီး များများတင်ပို့နိုင်အောင် ကြိုးပမ်းကြရန်လည်း ကုန်သည်အသင်းဥက္ကဋ္ဌက  တိုက်တွန်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

                                                                        မြင့်မြင့်မာ MIRT (DCCA)