မြဝတီနယ်စပ်မှတင်ပို့လာတဲ့ပြောင်း

 

    ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလဒုတိယပတ်မှာမြန်မာ-ထိုင်းနယ်စပ်ရှိမြဝတီကုန်သွယ်ရေးဇုန်က နေကန်ဒေါ်လာ ၂၇၀၉၅၅ တန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ တန်ချိန် ၁၀ဝ၀ တင်ပို့ခဲ့ပါတယ်။ ပုံမှန်တင်ပို့နေကျ ဖြစ်တဲ့ တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကတော့  ကန်ဒေါ်လာ ၅ ဒဿမ ၇၂၆ သန်းဖိုးရှိ ပြောင်း ၂၀၄၄၈ တန်ခွဲနဲ့ ကန်ပိုက်တီးစခန်းမှ ကန်ဒေါ်လာ သုညဒဿမ ဝ၀၆ သန်းဖိုးရှိပြောင်းတန် ၂၀ တင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်က မူဆယ်နဲ့ ချင်းရွှေဟော်စခန်း၂ ခုမှ ပြောင်းတန်ချိန် ၃၃၇၄၉ တန်ကျော် တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ်ရဲ့တရုတ်နယ်စပ်မှ ပြောင်းတင်ပို့မှုဟာ ၁၃၂၈၁ တန်ကျော်လျော့နည်းသွား ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာတော့ ပြောင်းတစ်တန်ရဲ့မိမိဘက်ဈေးဟာ ယခုတစ်ပတ်မှာ ၂၈၀၅၁၄ ကျပ်ရှိပြီး ယခင်တစ်ပတ်က ၂၇၈၄၃၆ ကျပ်ရှိတာမို့ ပြောင်းဈေး အနည်းငယ်ပြန်တက်လာတာတွေ့ရပါတယ်။ မန္တလေး-မူဆယ် ကုန်စည်သယ်ယူခမှာ ယခင်သီတင်းပတ်က ပြောင်းတစ်ပိဿာကို(၈၇-၆၀)ရှိပြီး ယခုသီတင်းပတ်မှာ (၆၂-၇၃) ကျပ်ကို ကုန်ပစ္စည်းသယ်ပို့ ကားခများဈေးကျဆင်းသွားကြောင်းသိရပါတယ်။

 

 

                                                                မော်မော်အောင် MIRT (DCCA)