ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီး တွေ့ကြုံလာတဲ့အခက်အခဲများကို ဖြေရှင်းကြမှသာ ရလဒ်ကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်မည်

 

     မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ယခုလကုန်သွယ်မှုပမာဏ လျာထားချက်ပေါ်               ၉၉ ရာခိုင်နှုန်း နီးပါး ဆောင်ရွက်နိုင်ခြင်း၊ ဘဏ္ဍာနှစ် ၁၀လတာကာလမှာ လျာထားချက်ကို ပြည့်မီ ကျော်လွန်အောင် ဆောင်ရွက်နိုင်ခြင်းတို့ဟာ ကုန်သည်လုပ်ငန်းရှင်များနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာများ အတူတကွ ပူးပေါင်း ဆောင်ရွက်မှုကြောင့် အောင်မြင်ခြင်းဖြစ်ကြောင်း၊ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်အောင် ဌာနဆိုင်ရာများ ၊ ဒေသနေပြည်သူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များအားလုံး ဝိုင်းဝန်းဖော်ဆောင်ကြ ရမှာဖြစ်ကြောင်း၊ ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နယ်မြေဒေသ လည်းပိုမိုအေးချမ်းတည်ငြိမ် လာမှာဖြစ်ကြောင်း မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက ဇန်နဝါရီလ ၃၁ ရက်နေ့ကပြုလုပ်တဲ့  မောင်တောနယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ  ပြောကြားခဲ့တာ  ဖြစ်ပါတယ်။ နယ်စပ်ကုန်သည်ကြီးများ အသင်းနဲ့ ကုမ္ပဏီလုပ်ငန်းရှင်များ တစ်ဦးနဲ့တစ်ဦး အချင်းချင်းအပြန်အလှန် ပေါင်းစပ်ညှိနိုှုင်းဆောင်ရွက်ကြပြီး  တွေ့ကြုံလာတဲ့ အခက်အခဲများကို ဖြေရှင်းနိုင်ပြီးလုပ်ငန်း အောင်မြင်မှု များရနိုင်မှာ ဖြစ်ကြောင်း ၊ ယခုကဲ့သို့ ရလဒ်ကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်အောင် အတူအားထုတ် ကြိုးပမ်း ဆောင်ရွက်သွားကြရန်နဲ့ ကုန်သွယ်မှုလုပ်ငန်းများယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် ကြဖို့ တိုက်တွန်းပြောကြား ခဲ့တယ်လို့သိရပါတယ်။

 

                                                                                                                                        ဂန္ဓမာ