ခရမ်းချဉ်သီးဖျော်ရည်သောက်သုံးခြင်းဖြင့် အဆီကျစေနိုင်

 

          ခန္ဓာကိုယ်မှာ  အဆီများ များပြားနေခြင်းကြောင့် အဝလွန်ခြင်းကိုဖြစ်စေပါတယ်။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ Lycopene ဟာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီများကို ကျစေနိုင်ပါတယ်။ Lycopene ဟာ ခရမ်းချဉ်သီးနဲ့ ခရမ်းချဉ်သီးထွက်ပစ္စည်းများမှာ များစွာပါဝင်လျက်ရှိပါတယ်။ Lycopene ဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆီများကို လောင်ကျွမ်းစေနိုင်စွမ်းရှိပါတယ်။  ထိုင်ဝမ် China Medical Universty မှ Pei-Min-Chao နဲ့အဖွဲ့ဟာ အသက် ၂၀ မှ ၃၀ နှစ်ကြားရှ BMI (Body Mass Index) ၂၀ နဲ့အထက်ရှိသူ အမျိုးသမီး ၃၀ ကို လေ့လာမှုမှာ အသုံးပြုခဲ့ကြပါတယ်။ အမျိုးသမီး ၃၀ ကို အစားအစာကို စားမြဲတိုင်း စားသောက်စေပြီး လေ့ကျင့်ခန်းကိုလည်း  လုပ်နေကျအတိုင်း လုပ်စေခဲ့ပါတယ်။ ထူးခြားချက်ကတော့ Lycopene ၃၂ ဒသမ ၅ မီလီဂရမ်ပါရှိတဲ့ ခရမ်းချဉ်သီး ဖျော်ရည် ၂၈၀ မီလီမီတာကို နေ့စဉ် နှစ်လကြာသောက်သုံးစေခဲ့ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်ကို သောက်သုံးစေခြင်းဖြင့် ခန္ဓာကိုယ်ထဲရှိ Monocyte Chemoattractant Protein (MCP-1)  ကို  ၂၂ ရာခိုင်နှုန်း လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် အင်ဆူလင်ကို ထိန်းနိုင်တဲ့ Adiponectin  ကို ၂၅ ရာခိုင်နှုန်း ထိ တိုးစေပါတယ်။ လေ့လာမှုများအရ ခရမ်းချဉ်သီးဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးခြင်းအားဖြင့် အဆီကျ စေတဲ့အပြင် ကိုလက်စထရောများကိုလည်း လျှော့ချပေးနိုင်စွမ်းရှိရာ အမျိုးသမီးငယ်များအနေနဲ့ မလိုလားအပ်တဲ့ ခန္ဓာကိုယ်မှ အဆီပိုများလျှော့ချပေးနိုင်တယ်လို့ ဖော်ထုတ်နိုင်ခဲ့ရာ နေ့စဉ်ခရမ်းချဉ်သီးဖျော်ရည် သောက်သုံးကြဖို့ နှိုးဆော်လိုက်ရပါတယ်။

 

                                                                                ရှင်ပါဂူ