မိုရေးနယ်စပ်ဖွံ့ဖြိုးတိုးတက်ရေး စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးကြည့်ရှုစစ်ဆေး

 

          အိန္ဒိယနိုင်ငံဗဟိုအစိုးရအဖွဲ့မှ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးသည် အိန္ဒိယ-မြန်မာနယ်စပ် သံတံတား ဂိတ်အနီး မိုရေးဘက်ခြမ်း၌ နယ်စပ်ကုန်သွယ်ရေးရုံး၊ အခွန်ရုံး၊ ဘဏ်နှင့် ပိုးမွှားစစ်ဆေးရေးရုံးတည်ဆောက်မဲ့ မြေနေရာတွင် လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုခဲ့ပြီး အကောက်ခွန်ဌာနမှ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဂိုဒေါင်ကိုလည်း ထပ်မံတိုးချဲ့နိုင်ရေး၊ မိုရေးမြို့အဆင့်မြှင့်တင်နိုင်ရေး၊ အဆင့်မြင့်ဈေး တည်ဆောက်နိုင်ရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရူပီးသန်း ၅၀ဝ ခွင့်ပြုချထားပေးခဲ့ကြောင်း သတင်း ရရှိပါတယ်။ ဒါ့အပြင် မိုရေးမြို့ရှိ ကုန်သည်များကို ခေါ်ယူတွေ့ဆုံ၍ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနဲ့ ပတ်သက်တဲ့ အခက်အခဲများအား မေးမြန်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလထဲတွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုး တိုးတက်ရန် မြန်မာနိုင်ငံကို လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ် The Sangai Express သတင်းမှာ ဖော်ပြထားကြောင်း သတင်းရရှိပါတယ်။

                                                                                နေထက်မင်း (တမူး)