အိန္ဒိယပြည်ထဲရေးဝန်ကြီးမိုရေးမြို့ နယ်စပ်ကုန်သွယ်ရေးအခြေအနေလေ့လာ

 

     အိန္ဒိယပြည်ထဲရေးဝန်ကြီးဂျာနတ်ဆင်းသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အင်ဖာမြို့သို့ရောက်ရှိပြီး၊ အင်ဖာမှတစ်ဆင့် အိန္ဒိယ-မြန်မာနယ်စပ်ရှိ မိုရေးမြို့သို့ ရောက်ရှိကာ နယ်စပ်ကုန်သွယ်ရေးအခြေအနေအား လေ့လာခဲ့ကြောင်း၊ မိုရေးမြို့ရှိ လူထုခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဌာနနှင့် အသစ် တည်ဆောက်မဲ့ ပြည်ဝင်ခွင့်စစ်ဆေးရေးဂိတ်ကို ကြည့်ရှုခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ် The Sangai Express သတင်းမှာ ဖော်ပြထားပါတယ်။

                                                                                နေထက်မင်း (တမူး)