မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ရှဲလ်ဆီဆိုင်အနီး ရှောင်ကွင်းလမ်းမှ လူသုံးအိမ်သုံး ပစ္စည်း (၃၄) မျိုးခန့်တွေ့ရှိ သိမ်းဆည်း

 

          မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် စခန်းထုတ်နုတ် အင်အား Mobile Team အဖွဲ့မှ ဒုညွှန်မှူးဦးစီးတဲ့ အဖွဲ့သည် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ဝ၆း၃၅ ချိန်တွင် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ရှဲလ်ဆီဆိုင်အနီး ရှောင်ကွင်းလမ်းမှ ဖိနပ်အိတ် (ကျား/မ လူကြီးကလေးဆိုဒ်စုံ) ၊ စောင်ထုပ်၊ အထည်မျိုးစုံ၊ ဓါတ်ဘူး၊ ကြွေပုဂံလုံးနဲ့ ကြွေပန်းအိုးစတဲ့ လူသုံးအိမ်သုံးပစ္စည်း (၃၄) မျိုးတို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ သိမ်းဆည်းရမိ အကောက်ခွန်မဲ့ လူသုံးအိမ်သုံး ပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၄၂ ဒသမ ၂၄၆ ခန့် ဖြစ်ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့် အရေးယူ ထားတယ်လို့သိရပါတယ်။

 

                                                                               DCCA  DCCA