မှန်လုံယာဉ်ပေါ်မှ အပင်ပိုးသတ်ဆေးနဲ့ အထည်ထုပ်များသိမ်းဆည်းရမိ

 

          အေးရှားဝေါလ် တိုးဂိတ်အနီး ပြည်ထောင်စု လမ်းမကြီးပေါ်မှ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ဝ၆း၃၀ ချိန်တွင် မူဆယ် Mobile Team အဖွဲ့မှ ဦးစီးအရာရှိ ဦးစီးတဲ့အဖွဲ့သည် Hiace  မှန်လုံယာဉ်အမှတ် (8J/xxxx) အားစစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် ပိုင်ရှင်မဲ့ တင်ဆောင်လာတဲ့ တရုတ်နိုင်ငံထုတ် အပင်ပိုးသတ်ဆေး၊ အပင်အားဆေး၊ ပိုးသတ်ဆေးနဲ့ အထည်ထုပ် စုစုပေါင်း ၁၉ မျိုး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၈ ဒသမ ၇၆၅ ခန့်ကို သိမ်းဆည်း ရမိတဲ့ အတွက် အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

                                                                       

      DCCA  DCCA