Brown Paper ဖြင့် ဂျူတီဆောင်ပြီး အမယ်လွဲတင်ဆောင်လာတဲ့ Wall Paper များကိုမူဆယ် Mobile Team မှ စစ်ဆေးတွေ့ရှိ

 

          စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် Mobile Team အဖွဲ့သည် ဇန်နဝါရီလ ၂၂ ရက်နေ့ ၁၆း၄၀ ချိန်တွင် ၁၂ ဘီးဂျူတီယာဉ်အား စစ်ဆေးရာ ဂျူတီယာဉ်အမှတ် (3H/xxxx) ပေါ်တွင် Brown Paper ဖြင့် ဂျူတီ ဆောင်ထားသော်လည်း အမယ်လွဲ တင်ဆောင်လာတဲ့ Wall Paper Wall Sheet with Design အား စိစစ်တွေ့ရှိရတဲ့ အတွက် လုပ်ထုံးလုပ်နည်းနဲ့ အညီ အကောက်ခွန်အမှုတွဲ ဖွင့်လှစ်ထားတယ်လို့ သတင်းရရှိပါတယ်။ သိမ်းဆည်းရမိ အမယ်လွဲ တင်ဆောင်လာတဲ့ Wall Paper များရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၇၅၀ဝဝဝ ဖြစ်ပါတယ်။

 

                                                                                                                                                                          DCCA  DCCA