စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် Center for the Promotion of Imports from Developing Countries ( CBI )တို့ပူးပေါင်း၍ သင်တန်းဖွင့်လှစ်မည်

 

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့်  နယ်သာလန်နိုင်ငံ နိုင်ငံခြားဝန်ကြီးဌာန လက်အောက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်မြှင့်တင်ရေးဗဟိုဌာန Center for the Promotion of Imports from Developing Countries (CBI) တို့ပူးပေါင်း၍ " Efficient  Search and  effective use of  market Information " သင်တန်းကို  ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ  ၁၈ ရက်နေ့ထိ သုံးရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ သင်တန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်တိုင်းဒေသကြီးရုံး) တွင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး သင်တန်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနသုံးခုမှ အရာထမ်း၊ အမှုထမ်း (၂၅) ဦးတက်ရောက်မည်ဟု ပဏာမ သတင်းရရှိပါသည်။

 

                                                                                                                                            ယဉ်ယဉ်အေးMIRT (DCCA)