နယ်စပ်စခန်းများက ရော်ဘာတန် ၈၀ဝ ကျော်တင်ပို့

      

    မြန်မာရော်ဘာကို နယ်စပ်စခန်များမှ တင်ပို့ရာတွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ချင်းရွှေဟော်နဲ့ လွယ်ဂျယ်စခန်းများမှ အများဆုံး တင်ပို့လျက်ရှိပြီး၊ တာချီလိတ်နဲ့ မြိတ်စခန်း များမှလည်း တင်ပို့မှု ရှိပါတယ်။ ဖေဖော်ဝါရီလ ပထမပတ်မှာတော့ ကန်ဒေါ်လာ ၁ ဒသမ ၁၀၉ သန်းဖိုးရှိ ရော်ဘာ ၈၁၉ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ဝ၀၅ သန်းဖိုးရှိ ရော်ဘာ ၇၂၉ တန်ကျော် တင်ပို့ခဲ့ပြီး အဆင့်လိုက် တင်ပို့မှုများမှာRSS-3 ၅၂၈ တန်ကျော်၊ MSR-20 ၁၃၄တန်ကျော်နဲ့ MSR-20 ၆၇ တန် တင်ပို့ ခဲ့ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုထက် တန် ၂၀ဝ ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၀၄ သန်းဖိုးရှိ MSR-50 တန် ၉၀ တင်ပို့ခဲ့ပြီး ယခင် သီတင်းပတ်ထက် တန် ၁၂၀ လျော့နည်း ခဲ့ပါတယ်။

          ယခုသီတင်းပတ်မှာ ရော်ဘာဈေးများ ဆက်လက်ကျဆင်း လာကြောင်း မူဆယ် ကုန်စည်ဒိုင်မှ သိရှိ ရပါတယ်။ ကုန်စည်ဒိုင်မှ ယခုတစ်ပတ် ပေါက်ဈေးများကို ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-

 

             မိမိဘက်                      ကျပ်/တန်                 တစ်ဘက်နိုင်ငံ       ဒေါ်လာ/တန်

                ယခု           ယခင်         ပြောင်းလဲမှု   ရာခိုင်နှုန်း      ယခု      ယခင်        ပြောင်းလဲမှု     ရာခိုင်နှုန်း        

RSS-3   ၁၄၂၄၁၁၅   ၁၄၆၇၄၅၉     ၄၃၃၄၄                ၃        ၁၃၉၄   ၁၄၄၀            ၄၆                ၃ 

                                                                                       

                                                                                                                              ယဉ်ယဉ်အေး MIRT (DCCA)