ဆန်နဲ့ဆန်ကွဲတင်ပို့မှုလျော့ကျ

 

          မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်စခန်းမှ ဖေဖော်ဝါရီ ပထမပတ်မှာ ကန်ဒေါ်လာ ၅ ဒသမ ၆၉၆ သန်းဖိုးရှိ ဆန်တန်ချိန် ၁၅၅၇၅ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က တင်ပို့မှုရှိခဲ့တဲ့ ချင်းရွှေဟော်စခန်းမှ ယခုတစ်ပတ်မှာ မတင်ပို့နိုင်ခဲ့ပါဘူး။ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၄ ဒသမ ၆၄၆ သန်းတန်ဖိုးရှိ ငစိန်ဆန် ၈၇၂၃ တန်နဲ့ ဧည့်မထဆန် ၃၈၅၃ တန်ခန့် တင်ပို့ခဲ့ပြီး ယခင်သီတင်းပတ် တင်ပို့မှုထက် တန် ၁၁၀ဝ၀ လျော့နည်းခဲ့ပါတယ်။ လွယ်ဂျယ်စခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ဝ၅၀ သန်းဖိုးရှိ ဧည့်မထ တန် ၃၀ဝ၀ တင်ပို့ပြီး ယခင်သီတင်းပတ်ထက် တန် ၂၀ဝ၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်စခန်းမှ ယခင်ရက်သတ္တပတ်က ၁၅၄၁ တန်တင်ပို့ခဲ့ပြီး ယခု တစ်ပတ်မှာ တင်ပို့မှုမရှိခဲ့ပါဘူး။ ဆန်ကွဲတင်ပို့မှုကိုကြည့်မယ်ဆိုပါကလည်း ယခုသီတင်းပတ်မှာ ကန်ဒေါ်လာ ၂ ဒသမ ၆၆၁ သန်းဖိုးရှိ ဆန်ကွဲ ၈၂၀ဝ တန်သာ တင်ပို့နိုင်တဲ့အတွက် ယခင်သီတင်းပတ်ထက် ၄၅၂၄ တန် လျော့နည်းခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုများမှာ မူဆယ် ၁၀၅ မိုင်မှ တန် ၇၂၀ဝ နဲ့ လွယ်ဂျယ်မှ တန် ၁၀ဝ၀ ဖြစ်ပါတယ်။ ကောက်ညှင်းဆန်ကိုလည်း မူဆယ်မှ တန် ၂၅၀ ၊ ကန်ဒေါ်လာ သုည ဒသမ ၁၂၀ သန်းဖိုးသာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် တစ်ဝက်ခန့်လျော့ကျခဲ့ပါတယ်။

                                                                                                                                          ယဉ်ယဉ်အေး MIRT (DCCA)