ဂေါ်ဒန်ဆိပ်ကမ်းနံဘေး မသင်္ကာဖွယ်ရာ စုပုံထားသော ကျောက်အိတ်များ

 

          ဇန်နဝါရီလ ၂၆ ရက်နေ့ ၁၀း၁၅ နာရီခန့်မှာ မန္တလေး Mobile Team ရွှေကြက်ယက်ဆိပ်ကမ်းနယ်မြေမှာ တာဝန် ထမ်းဆောင်လျက်ရှိသော Mobile Team မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲမှူးဦးဆောင်သော အဖွဲ့ဟာ ဆိပ်ကမ်းတစ်လျှောက် လှည့်လည်စစ်ဆေးစဉ် ဂေါ်ဒန် ဆိပ်ကမ်းနံဘေးမှာ မသင်္ကာဖွယ်ရာ စုပုံထားတဲ့ ကျောက်အိတ်များ တွေ့ရှိ သတင်းပေးပို့ချက်အရ Mobile Team မန္တလေးတာဝန်ခံ ညွှန်ကြားရေးမှူး ဦးစီးတဲ့အဖွဲ့ သွားရောက် စစ်ဆေးခဲ့ပါတယ်။ ထိုသို့စစ်ဆေးရာမှာ ပီနန်အိတ် (၉) အိတ်နဲ့ ထည့်သွင်းထားတဲ့ ကျောက်စိမ်းလို့ ယူဆရတဲ့ ရေမဆေးကျောက် ၃၃၀ ကီလိုခန့်အား စစ်ဆေးတွေ့ရှိတဲ့ အတွက် မန္တလေးမြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးမှ တစ်ဆင့် လုပ်ထုံးလုပ်နည်းနဲ့ အညီ အကောက်ခွန် အမှုတွဲများ ဖွင့်လှစ်ရန် မန္တလေးမြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ အပ်နှံပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ကျောက်စိမ်းလို့ ယူဆရတဲ့ ကျောက်စိမ်းတုံး များရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၃၃ ဒသမ ၆၀ဝ သိန်း ရှိတယ်လို့ သိရပါတယ်။

                                                                                                                                                                   DCCA    DCCA