နောင်ချို Mobile Team မှ ကျောက်စိမ်းထုယူဆရသော ကျောက်တုံးအရွယ်စုံနဲ့ တင်ဆောင်လာသော လိုင်စင်မဲ့ယာဉ်ကိုပါ တားဆီးနိုင်ခဲ့

 

          ဖေဖော်ဝါရီလ၄ ရက်နေ့ ဝ၉ း၃၀ ချိန်ခန့်မှာ မန္တလေး-မူဆယ်လမ်းကြောင်းပေါ်ရှိ နောင်ချို Asia World Toll Gate  အနီး တာဝန်ထမ်းဆောင်နေတဲ့ Mobile Team လရ-၁ အဖွဲ့ထံ Toyota Ipusm 6C/xxxx ဟာ ဝင်ရောက်စစ်ဆေးခံခဲ့ ပါတယ်။ အဆိုပါယာဉ်ပေါ်မှာ တရားမဝင်တင်ဆောင်လာတဲ့ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးအကြီး  ၆ တုံး ၆၆၂ ကီလိုဂရမ်နဲ့ ကျောက်တုံးအသေးများ ၃၁၃ ကီလိုဂရမ်ကို Mobile Team အဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ စစ်ဆေးတွေ့ရှိရတဲ့ ကျောက်စိမ်းတုံးအရွယ်စုံ ၉၇၅ ကီလိုဂရမ်ဟာ ခန့်မှန်းတန်ဖိုးကျပ် ၉၅၇ သိန်းရှိတယ်လို့ သိရပါတယ်။ ကျောက်စိမ်း လို့ ယူဆရတဲ့ ကျောက်တုံးများ တင်ဆောင်လာတဲ့ ယာဉ်ကို စစ်ဆေးရာမှာလည်း လိုင်စင်မဲ့ယာဉ် တစ်စီးဖြစ်နေ တာကို စိစစ်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။  သိမ်းဆည်းရမိကျောက်စိမ်းလို့ ယူဆရတဲ့ ကျောက်တုံးအရွယ်စုံနဲ့ လိုင်စင်မဲ့ Ipusm ယာဉ်တို့ကို လုပ်ထုံးလုပ်နည်းနဲ့အညီ မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်း အပ်နှံထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။

                                                                                                                                                                                                                                                                                                                                         DCCA DCCA