ပြည်ပနိုင်ငံများကိုသွားတဲ့ မြန်မာ့သစ်သီးဝလံများ

 

          ၂၀၁၅ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ကန်ဒေါ်လာ ၃ ဒသမ ၉၇၁ သန်းတန်ဖိုးရှိတဲ့ ဖရဲသီး၊ သခွားမွှေး၊ ဆီးသီး၊ အုန်းသီး၊ စပျစ်သီးနဲ့ ရွှေဖရုံသီးတွေကို မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ တရုတ်နိုင်ငံ ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့တန်ချိန်တွေကတော့ ဖရဲသီး ၂၅၈၂၈ တန်၊ သခွားမွှေး ၂၆၅၅ တန်၊          ဆီးသီး ၉၅၆ တန်ခွဲ၊ အုန်းသီး ၈ တန်၊ စပျစ်သီး ၁၁ တန်နဲ့ ရွှေဖရုံသီး ၁၅၆ တန်ခွဲ တို့ဖြစ်ပါတယ်။ ဖရဲနဲ့ သခွားမွှေးကတော့ မူဆယ်ကနေ ပုံမှန်တင်ပို့နေရပြီး စပျစ်သီး ၊ အုန်းသီးနဲ့ ရွှေဖရုံသီး ကတော့ ရာသီပေါ်သီးနှံအနေနဲ့ တင်ပို့နေတာပါ။ မြန်မာ့သစ်သီးဝလံတွေ တရုတ်နိုင်ငံကို တင်ပို့မှုရှိသလို တာချီလိတ်နယ်စပ်ကုန်သွယ်ရေးကနေလည်း လိမ္မော်သီး ၅၂၈ တန်ကို ကန်ဒေါ်လာ ၉၇၃၅၈ ဖိုး ထိုင်းနိုင်ငံ ကိုတင်ပို့ခဲ့ပါတယ်။ ဇန်နဝါရီလ တစ်လလုံးမှာတော့ တရုတ်နိုင်ငံကို ဖရဲသီး ၁၂၆၀၁၉ တန်၊ သခွားမွှေး ၁၁၉၇၅ တန်၊ ဆီးသီး တန် ၃၉၉၀ ၊ စပျစ်သီး ၁၁ တန်၊ အုန်းသီး ၁၇ တန်နဲ့ ရွှေဖရုံသီး ၂၁၃ တန်ခွဲနဲ့ ထိုင်းနိုင်ငံကို လိမ္မော်သီး ၈၅၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ''တရုတ်နှစ်သစ်ကူးနီးလာတာကြောင့် သစ်သီးဈေးတွေနည်းနည်းပြန်တက်လာတယ်။ တရုတ်ဝယ်လက် တွေက တရုတ်နှစ်သစ်ကူးခါနီး တစ်ပတ်လောက်အလိုဆိုရင် သစ်သီးတွေကိုတက်လာသမျှ အကုန်ဝယ်တတ်လို့ ဈေးကောင်းလည်းရတယ်'' ဟု မူဆယ် သစ်သီး ကုန်စည်ဒိုင်မှသိရပါတယ်။

                                                                                                                                           မော်မော်အောင် MIRT (DCCA)