ခန့်မှန်းတန်ဖိုးကျပ် ၁၇၆၄ သိန်းရှိ ၁၂ ဘီး/ ၁၀ ဘီး ယာဉ်များနဲ့ ကျွဲနွားအရှင် ၈၉ ကောင် မူဆယ် Mobile Teamrှ သိမ်းဆည်းရမိ

 

         မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဇန်နဝါရီ ၂၄ ရက် နံနက် ၆ း ၁၅ ချိန်ခန့်မှာ မော်ထောင်း-နမ့်တောင်ကျေးရွာအနီး ရှောင်ကွင်းလမ်းမှာ စောင့်ဆိုင်းစဉ် ၁၂ ဘီးယာဉ် ၃ စီး၊  ၁၀ ဘီးယာဉ် ၁ စီးတို့နဲ့ နွားအရှင် ၂၅ ကောင်၊ ကျွဲအရှင် ၆၄ ကောင် စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်  ၆၇၄ ဒသမ ၅၀ဝ သိန်းအား တားဆီးနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ကျွဲနွားအရှင် ၈၉ ကောင်ကို အဖွဲ့စုံနဲ့ မူဆယ်မြို့နယ်စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်းအပ်နှံပြီးဖြစ်တယ်လို့ သိရပါတယ်။

          အဆိုပါ ကျွဲနွားများကို တင်ဆောင်သယ်ယူလာတဲ့ ၁၀ ဘီးယာဉ် ၁ စီး ခန့်မှန်းတန်ဖိုးကျပ်သိန်း ၂၅၀  နဲ့  ၁၂ ဘီးယာဉ် ၃ စီး၊ ခန့်မှန်းတန်ဖိုး ကျပ် သိန်း  ၈၄၀ တို့အားလုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့်လှစ်နိုင်ရန် မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းထားပြီးတယ်လို့ သတင်းရရှိပါတယ်။ ကျွဲနွား ၈၉ ကောင်နဲ့  ၁၀ ဘီးယာဉ် ၁ စီး၊ ၁၂ ဘီးယာဉ် ၃ စီးတို့ရဲ့ စုစုပေါင်း ခန့်မှန်းတန်ဖိုးမှာ ကျပ် ၁၇၆၄ သိန်းဖိုးရှိတယ်လို့ သိရပါတယ်။

                                                       

                                                                                                                                                               DCCA DCCA