ထိုင်း-မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအတွက် တာခ်ခရိုင်မှာ နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ ၂၀၁၅ ကျင်းပ

 

ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီး Chatchai Sarikulya နဲ့ မြန်မာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်တို့ ကြီးမှူးပြီး တာခ်နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ ၂၀၁၅ ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ထိုထိုင်းတာခ်နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို မဲဆောက် Central Stadium မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပါတယ်။ တာခ်နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ ၂၀၁၅ သည် ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထိုင်း-မြန်မာကုန်သွယ်မှုမြှင့်တင်ရေးရည်ရွယ်ချက်ရဲ့ ပဏာမ ခြေလှမ်းဖြစ်ပါတယ်။ တာခ်ခရိုင်-မဲဆောက်ဟာ အထူးစီးပွားရေးဇုန်အဖြစ် ထူထောင်ရန် ကြေညာထားပြီးဖြစ်ပါတယ်။ အကြောင်းမှာ အရှေ့အနောက်စီးပွားရေးစြင်္ကန် (EWEC) ပေါ်မှာ တာခ်ခရိုင်သည် တည်ရှိနေတဲ့အတွက် ဖြစ်ပါတယ်။ အရှေ့အနောက်စြင်္ကန်တွင် တာခ်ခရိုင်သည် ဒေသတွင်းမှာ အဓိကကျတဲ့စီးပွားရေးဝင်ထွက်ဂိတ် တစ်ခုဖြစ်ဖြစ်ပါတယ်။ ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ အခြား ထိုင်း-မြန်မာ နယ်စပ်များမှာလည်း ကုန်စည်ပြပွဲများ ကျင်းပသွားရန် အစီအစဉ်ရေးဆွဲထားတယ်လို့ သိရပါတယ်။ ယခုကုန်စည်ပြပွဲကို ထိုင်းဘတ်ငွေသန်း ၃၀ ကျော် အကုန်ကျခံ ကျင်းပခဲ့တာဖြစ်ပါတယ်။ကုန်စည်ပြပွဲမှာ ထိုင်းနဲ့ မြန်မာ ထုတ်ကုန်အမယ် ၃၀ဝ ကျော်ခန့် ပါဝင်ခင်းကျင်းပြသထားမှာဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကတော့ ကျေးရွာတစ်ခုထုတ်ကုန်တစ်မျိုးစနစ် (OTOP- One Tambon One Village) အရ ခင်းကျင်းပြသထားတယ်လို့  သိရပါတယ်။                                                                                                                                                                                                 ချမ်းမြေ့မောင်