စားသုံးသူအကာအကွယ်ပေးရေး ရှေ့လုပ်ငန်းစဉ်များဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဆိုင်ရာလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့  ၁၀ း ဝဝ  နာရီမှာ ဧရာဝတီတိုင်း ဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဧရာဝတီတိုင်း ဒေသကြီးစားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ ကြီးမှူးပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဝင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးလှခိုင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစောမိုက်ကယ်မှ စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်သွားမဲ့ လုပ်ငန်းစဉ်များ အား ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ပါဝင်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို နေ့လည် ၁၂ း ၂၀ အချိန်မှာ ပြီးစီးခဲ့တယ်လို့ သတင်းရရှိပါတယ်။

                                                                                                                                                                                                                                                                 ဖြူဖြူဝင်း (စားသုံးသူရေးရာဌာနခွဲ)