၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ITC နဲ့ ကျပ်သန်း ၇၀ဝ၀ ကျော်ကုန်သွယ်ပြီးဖြစ်

 

တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ITC ဖြင့် ကုန်သွယ်ခွင့်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း တမူးနယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် စတင်ကုန်သွယ်မှု ခွင့်ပြုလျက်ရှိရာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ မြဝတီ၊ တာချီလိတ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ရိဒ်၊ မြိတ်၊ ကော့သောင်း၊ ထန်တလန်၊ မောတောင်၊ ထီးခီး၊ မန္တလေးတိုင်းဦးစီးမှူးရုံး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံရုံးခွဲ၊ ကချင်ပြည်နယ်မြစ်ကြီးနား ကူးသန်းရောင်းဝယ်ရေး စခန်းများတွင်လည်း ITC ကတ်နဲ့ အသီးသီး ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၅ ဇန်နဝါရီလ ၂၃ ရက်နေ့ထိ နယ်စပ်စခန်းများမှ ပို့ကုန်ကျပ်သန်းပေါင်း ၂၃၈၃ ဒသမ ဝ၁၂ ၊ သွင်းကုန် ကျပ်သန်းပေါင်း ၅၀၁၄ ဒသမ ၈၄၆ ကုန်သွယ်မှုပမာဏ ကျပ်သန်းပေါင်း ၇၃၉၇ ဒသမ ၈၅၈ ကုန်သွယ်နိုင်တာတွေ့ရ ပါတယ်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ITC နဲ့အများဆုံး ကုန်သွယ်မှုပြုလုပ်နေတဲ့ စခန်း များကတော့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်း၊ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်း၊ တမူးနယ်စပ် ကုန်သွယ်ရေးစခန်း၊ ကျိုင်းတုံရုံးခွဲ၊ မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်းများပဲဖြစ်ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ဒီဇင်ဘာလအတွင်း ITC နဲ့ အများဆုံး တင်ပို့တင်သွင်းတဲ့ ပစ္စည်းများကတော့ ဆံပင်နဲ့ ဆပ်ပြာမှုန့်တို့ဖြစ်ပြီး ကန်ပိုက်တီးနယ်စပ်မှ ITC နဲ့ တင်ပို့တင်သွင်းလျက်ရှိတဲ့ ပစ္စည်းများကတော့ Iron nail ၊ Roofing nail ၊  ဆိုင်ကယ်အပိုပစ္စည်း၊ မီးသီး၊ Packing Paper ၊ပန်းသီး၊ ကလေးဝမ်းဆက်၊ ကလေးဖိနပ်၊ မီးချောင်း၊ လိမ္မော်သီး၊ မစီးဖိနပ်၊ စောင်၊ ခရီးဆောင်အိတ်၊ ဓါတ်ဘူးတို့ဖြစ်ပါတယ်။

                                                                          

   ခင်မိုးသူ MIRT (DCCA)