Used Bicycle များ ပြည်ပမှ တင်သွင်းခွင့် တတိယအကြိမ်စမ်းသပ်ကာလတိုးမြှင့်
ပြည်ပမ Used Bicycle တင်သွင်းခွင့်ပြုခြင်းကို၂၀၁၃ ခုနှစ်မှစ၍ တစ်နှစ်ချင်း ခွင့်ပြုပေးလျက်ရှိရာ ဒုတိယအကြိမ် စမ်းသပ်ကာလသည်၂၀၁၄ခုနှစ် ဒီဇင်ဘာလ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီး ဖြစ်ပါတယ်။ တတိယအကြိမ် စမ်းသပ်ကာလ အဖြစ်တင်သွင်းခွင့်ပြုနိုင်ရန် အကောက်ခွန် ဦးစီးဌာနမှ သဘောထား မှတ်ချက်ရယူပြီးနောက် ဇန်နဝါရီလ ၁၄ ရက်နေ့ကပြုလုပ်တဲ့ ဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး၏ သဘောတူညီချက်ဖြင့် ပြည်ပမှ Used Bicycle များတင်သွင်းခွင့်ကို တတိယအကြိမ် စမ်းသပ်ကာလအဖြစ်၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ရက်ထိ သတ်မှတ်လိုက်ကြောင်း သတင်းရရှိ သည်။
MIRT (DCCA)