တရုတ်နယ်စပ်ပြောင်းတင်ပို့မှုသွက်

 

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးနဲ့ လွယ်ဂျယ် နယ်စပ်စခန်းများမှ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်တာ ရက်သတ္တပတ်အတွင်း ကန်ဒေါ်လာ ၁၀ ဒသမ၂၄၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့တန်ချိန် ၃၆၅၅၂ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်ရက် သတ္တပတ်က မူဆယ်နဲ့ ချင်းရွှေဟော်စခန်း ၂ ခုမှ ပြောင်းဖူးစေ့ ၃၀၆၄၆ တန်သာ တင်ပို့ခဲ့လို့ ယခုရက် သတ္တပတ်မှာ တရုတ်နယ်စပ်က ပြောင်းတင်ပို့မှုတွေ ပိုမို လာတယ်လို့ဆိုရပါမယ်။ မူဆယ် ကုန်စည်ဒိုင်ရဲ့ ပြောင်း တစ်တန်ဈေး ဟာ ယခင်တစ်ပတ်က၂၇၁၁၈၂ ကျပ်ရှိရာမှ ယခု တစ်ပတ်မှာ တော့၂၇၈၂၀၇ ကျပ်သို့ ဈေးအနည်းငယ် မြင့်တက် လာတာတွေ့ရ ပါတယ်။ အရည် အသွေးပြည့်ဝတဲ့ မြန်မာ့ ပြောင်းတွေကို တရုတ်နိုင်ငံမှာ တိရစ္ဆာန် အစားအစာအဖြစ် လည်းကောင်း၊ အမှုန့်ကြိတ်ပြီး မုန့်ပဲ သားရည်စာ အဖြစ်လည်းကောင်း ပြုလုပ်စားသုံးကြတာလို့ သိရပါတယ်။

                                                                           

မော်မော်အောင် MIRT (DCCA)