စုပုံထားတဲ့ ပိတောက်သစ်များနဲ့ မှန်လုံယာဉ်ပေါ်မှ သိုဝှက်သယ်ဆောင်လာတဲ့တမလန်းသစ်များ စစ်ဆေးတွေ့ရှိ

 

နောင်ချို Asia World တိုးဂိတ် အနီးအခြေပြု Mobile Team လရ-၁ အဖွဲ့သည် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ယာဉ်စစ်ဆေးရေး ဂိတ်တွင် ဝင်ရောက် အစစ်ဆေးခံတဲ့ ဧရာဝတီမှန်လုံယာဉ် အမှတ် ၅ခ/xxxx ပေါ်မှ ယာဉ်နောက်ပိုင်းတွင် သိုဝှက် သယ်ဆောင်လာတဲ့တမ လန်းသစ်များကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့တယ်လို့ သတင်း ရရှိပါတယ်။ ဇန်နဝါရီလ၂၀ ရက်နေ့ တွင်လည်း ဂုတ်တွင်းအနီး ညောင်ပင်မှ နောင်ချိုမြို့ အထွက် ရှောင်ကွင်း လမ်းတွင် စုပုံထားတဲ့ ပိတောက်ခွဲသား များကို သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သိမ်းဆည်း ရမိမှန်လုံယာဉ်ပေါ်မှ တမလန်း သစ်များနဲ့ စုပုံထားတဲ့ ပိတောက်သစ်များရဲ့ ခန့်မှန်းတန်ဖိုးကျပ် သန်းပေါင်း၂ ဒသမ ၃၉၇ ဖြစ်ပြီး ဧရာဝတီ မှန်လုံယာဉ်ရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၁၅၀ ခန့်ဖြစ်တယ်လို့ သိရပါတယ်။ သိမ်းဆည်းရမိ တမလန်းသစ် ပိတောက် သစ်များနဲ့ တင်ဆောင်လာတဲ့ ဧရာဝတီ မှန်လုံယာဉ်အား မြို့နယ်အကောက်ခွန် ဦးစီးဌာနတွင် အကောက်ခွန် အမှုတွဲဖွင့်လှစ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

                                                                                     

DCCA  DCCA