မှန်လုံယာဉ် (၄) စီးပေါ်မှ အေးခဲအမဲသားနဲ့ အမဲသားခြောက်များသိမ်းဆည်းရမိ

 

မန္တလေး- မူဆယ် လမ်းကြောင်း တစ်လျှောက်ရှိ Asia World တိုးဂိတ်အနီး အခြေပြု Mobile Teamလရ-၁ အဖွဲ့သည် ဇန်နဝါရီလ ၁၉ ရက်နဲ့၂၀ ရက်နေ့တွင် မန္တလေးမှမူ ဆယ်လမ်းကြောင်း အတိုင်းမောင်းနှင်လာတဲ့ ဧရာဝတီ ခရီးသည်တင် မှန်လုံယာဉ်၊ GI မှန်လုံယာဉ်၊ သစ္စာဟိန်း မှန်လုံယာဉ်၊ GI ခရီးသည်တင် မှန်လုံယာဉ်များကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ အေးခဲအမဲသားနဲ့ အမဲသား ခြောက်များကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမိ ခဲ့တယ်လို့ သိရပါတယ်။ယာဉ် ၄ စီးပေါ်မှ သိမ်းဆည်း ရမိအေးခဲ အမဲသားနဲ့ အမဲသားခြောက်များရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၈ ဒသမ ၆၄၃ ခန့်ရှိပြီး အကောက်ခွန် အမှုတွဲဖွင့်လှစ်ကာ နောင်ချိုမြို့နယ် စည်ပင်သာယာရေး အဖွဲ့သို့ လွှဲပြောင်း အပ်နှံပြီးဖြစ် တယ်လို့သိရပါတယ်။

                                                                                 

     DCCA  DCCA