ကျပ်သိန်း၂၀ဝ နီးပါးခန့်မှန်းတန်ဖိုးရှိ ဆင်သားရေခြောက် ၉၈ ပိဿာ ကျာ် သိမ်းဆည်းရမိ

 

ဇန်နဝါရီလ ၁၉ ရက်နေ့ ၂၃းဝ၀ ချိန်မှာ မန္တလေး- မူဆယ် ကုန်သွယ်မှု လမ်းကြောင်းအတိုင်း မောင်းနှင် လာသောစိတ်ကြိုက် မှန်လုံယာဉ်လိုင်းပေါ်မှ ယာဉ်အမှတ် ၅ခ/xxxx ယာဉ်အား နောင်ချို Mobile Team အဖွဲ့သို့ဝင်ရောက် စစ်ဆေးခံရာ ယာဉ်နောက်ပိုင်းမှ သိုဝှက် တင်ဆောင်လာတဲ့ ဆင်သားရေခြောက် ၁၀ ထုတ်၊ ၉၆ ဒသမ ၁၆ ပိဿာ၊ ခန့်မှန်းတန်ဖိုးကျပ် ၁၉၆ ဒသမ ၃၂၀ သိန်းအား ပိတောက်ခွဲသား၊ တမလန်းဓါးရွေများနဲ့အတူ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့မှာ ယာဉ်ပေါ်ပါ ကုန်များအား Mobile Team အဖွဲ့မှ စစ်ဆေးစဉ် ထွက် ပြေးတိမ်းရှောင် သွားတယ်လို့ သိရပါတယ်။  သိမ်းဆည်းရမိတဲ့ သစ်များနဲ့ ဆင်သားရေခြောက် များကို လုပ်ထုံးလုပ်နည်း နဲ့အညီ အကောက် ခွန်အမှုတွဲ ဖွင့်ထားပြီးနောက် မြို့နယ် သစ်တောဦးစီးဌာနသို့ အပ်နှံပြီးဖြစ် တယ်လို့ သတင်း ရရှိပါတယ်။ ပစ္စည်းများ တင်ဆောင်လာတဲ့ ယာဉ်ခန့်မှန်းတန်ဖိုး ကျပ်သိန်း၁၇၀ ကိုလည်း အကောက်ခွန် အမှုတွဲဖွင့်၍ အကောက်ခွန် ဦးစီးဌာနသို့ အပ်နှံထားပြီးဖြစ်တယ်လို့ သိရပါတယ်။

                                                                                                

  DCCA  DCCA