ID ထက်ပိုမိုတင်ဆောင်လာတဲ့ ကျပ် ၄၄ သိန်းခန့်မှန်းတန်ဖိုးရှိ Brand New Motor Cycle များ သိမ်းဆည်း
ဇန်နဝါရီလ ၁၇ ရက်နေ့ ဝ၁း၃၀ ချိန်မှာ မူဆယ်-မန္တလေး လမ်းကြောင်း အတိုင်းမောင်းနှင်လာတဲ့ သွင်းကုန်တင်ဆောင်လာသော ယာဉ်အား နောင်ချိုယာယီအခြေပြု အဖွဲ့မှ ရပ်တန့် စစ်ဆေးရာ သွင်းကုန် ကြေညာလွှာ ( Import Declaration - ID ) ထက်ပိုမို တင်ဆောင် လာတဲ့ Brand New Motorcycle (၁၁)စီး၊ ခန့်မှန်းတန်ဖိုးကျပ် ၄၄ သိန်းအား စစ်ဆေးတွေ့ရှိသဖြင့် အကောက်ခွန် အမှုတွဲ ဖွင့်လှစ် သိမ်းဆည်းခဲ့ပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ Brand New Motorcycle(၁၁)စီး မှာ၂၀၁၅ ခုနှစ်ထုတ် CC 125 - ၄စီးနဲ့ CC 100 ၇ စီး တို့ဖြစ်ကြပါတယ်။ Brand များကတော့ PINBO, YAKEDA, MYIKD, LANJIA, HANBO နဲ့ HUNBO အသီးသီးဖြစ် ပါတယ်။
DCCA DCCA