မြဝတီနဲ့ မြိတ်နယ်စပ်မှ ရေထွက်ကုန်ပိုမိုတင်ပို့နိုင်

 

မြန်မာ-ထိုင်းနယ်စပ်ဖြစ်သော မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေး စခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ  ဇန်နဝါရီလ၁၀ ရက်မှ ၁၆ ရက်တာကာလအတွင်းကန် ဒေါ်လာ ၄ ဒသမ ၃၈၈ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၃၄၈၈ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်သီ တင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၁၇၉ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

နယ်စပ်စခန်းများအလိုက် ဆောင်ရွက်နိုင်မှုများမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာသုည ဒသမ ၁၆၅ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ  ၉၁ တန်နီးပါး၊ ကဏန်း ၁၁ တန်ကျော်၊ ပုစွန် ၃ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၆၄၁ သန်း တန်ဖိုးရှိ ရေထွက်ကုန်များ ဖြစ်သော ငါးမျိုးစုံ ၆၇၉ တန်ကျော်၊ ပုစွန် ၅ တန်ကျော်၊ ပင်လယ် ငါးမှုန့် ၇ တန်ကျော်၊ ရေဘဝဲ၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက တန်  ၅၇၀ ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၅၈၂ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၄၀၉ တန်ကျော်၊ ရေငန်ပုစွန် ၉၄ တန်ကျော်၊ ကင်းမွန် ၃၉ တန်ကျော်၊ ငါးအ သားလွှာ ၂၄ တန်၊ ငါးမှုန့် တန် ၉၆၀၊ ပုစွန်ခြောက်၂ တန်ကျော်၊ ငါးခြောက် ၉ တန်ကျော်၊ ကဏန်း နီ၈၉ တန်ကျော်၊ ကဏန်းပျော့ ၅၅ တန်ကျော်၊ ခရုအသား၁ တန်ကျော်နဲ့ သဲကဏန်း အနည်းငယ် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၇၄၅ တန်နီးပါး ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။

 

                                                                                    

  ခင်မြနွယ် MIRT (DCCA)