အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ပို့ကုန်သွင်းကုန် ပိုမိုဆောင်ရွက်နိုင်တဲ့ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေး

 

မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ဒီဇင်ဘာလကုန်သွယ်မှုပမာဏ ဟာ အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ပိုမိုဆောင်ရွက်နိုင်ပါတယ်။

                                                                                  တန်ဖိုး-ဒေါ်လာသန်း

                                           ပို့ကုန်          သွင်းကုန်           ကန်ကွက်မှု

          ၂၀၁၄ - ဒီဇင်ဘာ           ၁.၄၄၂           ၉.၇၂၁            ၁၁.၁၆၄၃

          ၂၀၁၄ - နိုဝင်ဘာ           ဝ.၉၆၇           ၃.၈၃၁                ၄.၇၉၈

          ၂၀၁၃ - ဒီဇင်ဘာ           ဝ.၆၅၉           ၂.၃၉၇                ၃.ဝ၅၆         

 

ပို့ကုန်ပိုင်းများ ယခင်လကထက် တစ်သျှူးငှက်ပျောများ ပိုမိုတင်ပို့လာနိုင်ပြီး သွင်းကုန်ပိုင်းမှာ ယာဉ်ယန္တရားများ၊ ယခင်နှစ်ကထက် ပိုမိုတင်သွင်းလာနိုင်တယ်လို့သိရပါတယ်။ ကန်ပိုက်တီးဒေသမှ တင်သွင်းတဲ့ ယာဉ်ယန္တရားများမှာ ဖားကန့်ဒေသကျောက်ထုတ်လုပ်ငန်းများ အတွက် တင်သွင်းခြင်းဖြစ်ပြီးယခုအချိန်ဟာပွင့်လင်းရာသီဖြစ်ခြင်း၊ ဖားကန့်ဒေသသို့မြစ်ကြီးနားမှနေ့ချင်းရောက်ရှိခြင်း၊မြစ်ကြီးနား ဖားကန့် လမ်းပြုပြင်မှုများ တချို့တဝက်ပြီးစီးခြင်းဒေသတွင်းဖြစ်ပွားသော စစ်ပွဲများပြန်လည်တည်ငြိမ်လာတဲ့အခြေအနေများကြောင့် ယာဉ်ယန္တရား ဖားကန့်ဒေသသို့ အဆင်ပြေစွာတင်ပို့နိုင်ခြင်းကြောင့် ယာဉ်ယန္တရားများတင်သွင်းမှုပိုလာတာလို့သိ ရပါတယ်။ ပို့ကုန်ပိုင်းမှာလည်း အမယ်သစ်များဖြစ်တဲ့ ကြိမ်နဲ့ဆန်တင်ပို့နိုင်ခြင်း၊ ငှက်ပျောနဲ့ပြောင်းများ ပိုမိုတင်ပို့နိုင်ခြင်းတို့ကြောင့် ကန်ကွက်မှုပိုမိုခဲ့ရကြောင်း သတင်း ရရှိပါတယ်။အများဆုံးပို့ကုန်များမှာ တစ်ရူးငှက်ပျော၊ ပြောင်း၊ ဆန် (ဧည်မထ ၂၅ %) ၊ ကြိမ်တို့ဖြစ်ပါတယ်။ အများဆုံးသွင်းကုန်များမှာ ဘိလပ်မြေ၊ Excavator, Hydralic Dumper, Mini Dump Truck Mini Dumper  စသည့်တို့ဖြစ်ကြပါတယ်။ ITC ကတ်နဲ့ ပို့ကုန်ပြောင်း တင်ပို့ခဲ့ပြီး သွင်းကုန်အနေနဲ့ အိမ်ရိုက်သံ၊ မီးသီးပါမီးအိမ်၊ ဆိုင်ကယ်၊ အမိုးရိုက်သံ၊ ပန်းသီး၊ အဝတ်အထည်နဲ့ အိမ်သုံးလူသုံးကုန်များ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

                                                                                                                                                                                                                                                                                          MIRT (DCCA)