မြိတ်နယ်စပ်စခန်းမှ ကဏန်းမျိုးစုံ ၈၄ တန်ကျော်တင်ပို့နိုင်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းက နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၅ ရက် နေ့အတွင်း ကန်ဒေါ်လာဝ ဒသမ ၄၀၃ သန်းတန်ဖိုးရှိ ကဏန်းသေး (သေ) ၂ တန်ကျော်၊ သဲကဏန်း ၁တန်ကျော်၊ ကဏန်းပျော့၂၁ တန်ကျော်၊ ကဏန်းနီ တန် ၆၀ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်း ပတ်တွင် သဲကဏန်းတစ်မျိုးတည်း ၁ တန်နီးပါးသာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ်ထက် ကဏန်းတင်ပို့မှုများမှာ ၈၃ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းအနေနဲ့ ယခုအပတ်အတွင်း ကဏန်းမျိုးစုံ အပြင် ကန်ဒေါ်လာ ၁ ဒသမ ၅၅၃ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၀၂၅ တန်ကျော်၊ ရေငန်ပုစွန် ၁၅ တန်ကျော်၊ ကင်းမွန် ၅၆ တန်နီးပါး၊ ငါးမှုန့်တန် ၃၆၀၊ ပုစွန်ခြောက် ၂ တန်ကျော်၊ ငါးအသားလွှာ ၂၄ တန်နဲ့ကင်းမွန်ခြောက် ၃ တန်နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။
ခင်မြနွယ် (DCCA)