တစ်ဖက်နိုင်ငံ နိုင်ငံရေးမတည်ငြိမ်သော်လည်း ကုန်သည်လုပ်ငန်းရှင်များ အားကြိုးမာန်တက် ဆောင် ရွက်ခဲ့၍ တမူးနယ်စပ်ကုန်သွယ်မှုအဆင့် (၄) နေရာမှာရှိနေ

 

တမူးနယ်စပ်ကုန်သွယ်ရေး စခန်းသည် နိုဝင်ဘာလမှာ ပို့ကုန်ဒေါ်လာ ၁ ဒသမ ၉၉၁ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၁ ဒသမ ၂၇၁ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃ ဒသမ ၂၆၂ သန်း ဆောင်ရွက် နိုင်ခဲ့ပြီး လျာထားချက်အပေါ် ၈၄ရာ ခိုင်နှုန်းကျော်သာဆောင်ရွက်နိုင်ခဲ့ပါတယ်။ နယ်စပ် စခန်း၁၆ ခုရှိ တဲ့အနက် လျာထားချက် အပေါ် ၁၂၈ ရာခိုင်နှုန်းကျော် ဆောင်ရွက်နိုင်ခဲ့ပြီး အဆင့် (၄) နေရာထိ ရှိနေတယ်လို့ သိရပါတယ်။ ကုန်သွယ်မှု လျာထားချက်များ ပြည့်မီမှု မရှိခြင်း ကaတာ့တစ်ဖက် နိုင်ငံ ရဲ့နိုင်ငံရေးအခြေအနေကြောင့် အရောင်းအဝယ်လုပ် ရတဲ့ရက် ၁၀ ရက် ၁၁ ရက်သာ ရှိတဲ့အတွက်ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း ၁၀ ရက်နဲ့ ၁၁ ရက်မှာ မိမိဘက်မှ ဂန့်ဂေါလမ်း၊ ယာကြီး လမ်းများ၊ လမ်းပျက် ခဲ့ကြောင်း၊ ၁၂ ရက်နေ့မှာ တစ်ဖက်နိုင်ငံတွင် ကားမိုင်းပေါက်ကွဲ တဲ့ဖြစ်စဉ်ကြောင့် နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါ်ပြီး နယ်စပ်အမှတ် (၁) နဲ့ (၂) ဂိတ်များမှာ လူဝင်လူထွက်မှုများအား ရှာဖွေစိစစ်ခဲ့ပြီး မိုရေး-အင်ဖာလမ်းပိတ် သည်မှာလည်း ယခုလအတွင်း ၄/၅ ကြိမ်ခန့် ရှိပါကြောင်း အခက်အခဲများစွာကြုံတွေ့ကြရသော်လည်း ကုန်သည်လုပ်ငန်းရှင်များ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ်မှ အားကြိုးမာန်တက်ဆောင် ရွက်ခဲ့သဖြင့် ကုန်သွယ်မှုများ မြင့်တက်လာရတယ်လို့ စခန်း တာဝန်ခံက  နိုဝင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ် ပါတယ်။

                                                                                                MIRT (DCCA)