တာချီလိတ်Mobile Team အဖွဲ့မှ တရားမဝင်သယ်ဆောင်လာသော လူသုံးကုန်၊ စားသောက်ကုန်နှင့် Leo Beer များ ကျပ် ၁၇၃ သိန်းကျော်ဖိုး ဖမ်းဆီးရမိ

 

တာချီလိတ် နယ်စပ်ကုန်သွယ်ရေး Mobile Team အဖွဲ့က နိုဝင်ဘာလ ၂၈ ရက်  ၁၀ း ၀၀ ချိန်တွင်  လွယ်တော်ခမ်း စစ်ဆေးရေး ဂိတ်သို့ ဝင်ရောက်လာသော (၄ဂ/xxxx) Tiger ယာဉ်ပေါ်မှ Leo Beer (၁၅) ဖာ ခန့်မှန်းတန်ဖိုးကျပ် ၁ သိန်းကျော် ကိုလည်းကောင်း၊ ဒီဇင်ဘာလ ၁ ရက်နေ့ ၀၈ း ၀၀ ချိန် တာလေ-ကျိုင်းလပ်ရှောင်ကွင်းလမ်းသို့ ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ရာ ဖိနပ်၊ ဦးထုပ်၊ မဝတ်အင်္ကျီ၊ မဝတ်ထမိန်၊ မစီးဖိနပ်၊ ကလေးစီးဖိနပ် ခန့်မှန်းတန်ဖိုးကျပ် ၄၁ သိန်းကျော်နှင့် ဒီဇင် ဘာ လ ၁ ရက်နေ့ ၀၉ း ၀၀ ချိန်မှ ၁၈ း ၀၀ ချိန်ထိ စစ်ဆေးခဲ့ရာ တာချီလိတ်-ကျိုင်းတုံ ခရီးသည် တင်ယာဉ်များ ပေါ်မှာ ပိတ်လိပ်၊ Coffee Plus ၊ ရှမ်းရိုးရာအင်္ကျီ၊ ဘောင်းဘီနှင့် Lady Shoes များ ခန့်မှန်းတန်ဖိုးကျပ် ၅၈ သိန်းကျော်ကို လည်းကောင်း၊ ဒီဇင်ဘာလ ၁ ရက်နေ့၂၀ း၅၀ ချိန်တွင်တာလေToll Gate  အလွန် အခါရွာအနီး သတင်းအရ စောင့်ဆိုင်း နေစဥ ်Hiace ယာဉ်အမှတ် (၄စ/xxx) ယာဉ်ပေါ်မှအခွန် ပေးဆောင်ထားသော Brand ကြက်ပေါင်းရည် ၊ ခေါက်ဆွဲခြောက် ဖာများနှင့် ရောနှောသယ်ဆောင် လာသော အထည်များနှင့် ဖိနပ်များ ခန့်မှန်းတန်ဖိုး  ကျပ်သိန်း ၇၀ကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါ တယ်။ ဒီဇင်ဘာလ ၂ ရက်နေ့ ၁၅ း ၀၀ ချိန်တွင် ဝှေ့ရဲစစ်ဆေးရေးဂိတ်၌  စစ်ဆေးခံရန် ဝင်ရောက် လာသော (၈ဈ/xxxx) (၁၀) ဘီးမော်တော်ယာဉ်တွင် ဂျူတီပစ္စည်းများနှင့် ဖုံးအုပ် သယ်ဆောင်လာသော Leo Beer (၁၀) ဖာ၊ Chain Beer (၄) ဖာ၊ ခန့်မှန်းတန်ဖိုးကျပ် ၁ သိန်း ကျော် အားလည်း ဖမ်းဆီးရမိခဲ့သဖြင့် အဆိုပါ ဖမ်းဆီးရမိသော လူသုံးကုန်၊ စားသောက် ကုန်နှင့် Leo Beer  များခန့်မှန်းတန်ဖိုး ကျပ်  ၁၇၃ သိန်းကျော်အား Mobile Team အဖွဲ့စုံဖြင့် စနစ်တကျ စစ်ဆေး၍ အကောက်ခွန်လုပ်ထုံး လုပ်နည်းနဲ့အညီ အမှုတွဲများ ဖွင့်လှစ်အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရပါတယ်။

 

                                                                                      DCCA DCCA