နိုဝင်ဘာလအတွင်း ကျွန်းသစ်နဲ့ သစ်မာများကို မန္တလေးဆိပ်ကမ်းနယ်မြေ Mobile Team မှဖော် ထုတ်တားဆီးနိုင်ခဲ့

 

မန္တလေးတိုင်းဒေသကြီး မန္တလေးဆိပ် ကမ်းနယ်မြေနဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး)  နယ်မြေတို့တွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ Mobile Team အဖွဲ့များဖွဲ့စည်းပြီး တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများနှင့် စားသုံးသူအကာ အကွယ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ မန္တလေး ဆိပ်ကမ်းနယ်မြေ Mobile Team အဖွဲ့မှ နိုဝင်ဘာလ ၃ ရက်နေ့တွင် မရမ်းခြံ ဆိပ်ကမ်းနယ်မြေတွင် စုပုံထားတဲ့ကျွန်း သစ်ခွဲသားများကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိတဲ့အတွက် မန္တလေးMobile Team အဖွဲ့မှ အကောက်ခွန် အမှုတွဲဖွင့်လှစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ မန္တလေး ဂေါဝိန်ဆိပ် သစ်တော ဦးစီးဌာနသို့ အပ်နှံခဲ့တယ်လို့ သိရပါတယ်။ အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေး Mobile Team အဖွဲ့စုံသည် ဂေါဝိန်ဆိပ်ခံ တံတားအတွင်း အခြေပြုစစ်ဆေးစဉ်  ဧရာဝတီ မြစ်လယ်မှ မသင်္ကာဖွယ် စက်လှေ တစ်စီးအား တွေ့ရှိသဖြင့် မန္တလေး ရွှေကြက်ယက်ဆိပ် ကမ်းသို့ ဆိုက်ကပ်စေပြီး အဖွဲ့စုံဖြင့် စစ်ဆေးရာ ကျွန်းသစ်လုံး၊ ပျဉ်းကတိုး ခွဲသားဆိုဒ်စုံကို စုစုပေါင်း တန်ချိန် ၅၂ ဒသမ၅၆အား ဖမ်းဆီးရမိသဖြင့် အကောက်ခွန် အမှုတွဲ ဖွင့်လှစ်ပြီး လုပ်ထုံး လုပ်နည်းနဲ့အညီ ပုသိမ်ကြီးမြို့နယ် သစ်တော ဦးစီးဌာနသို့ အပ်နှံပြီး သစ်တင်ဆောင် လာသည့် ရေယာဉ်ပါ ပစ္စည်းများ အား အကောက်ခွန် ဦးစီးဌာနသို့ အပ်နှံခဲ့တယ်လို့ သိရပါတယ်။ ထို့အတူ နိုဝင်ဘာလ၂၁ ရက်နေ့ တွင်လည်း မန္တလေးဆိပ်ခံ တံတားတွင် အခြေပြုပြီး Mobile Team လုပ်ငန်းများ ဆောင်ရွက်စဉ် ဧရာဝတီမြစ်လယ်မှ ဝါးဖောင် (၁) စီးမြောက် မှတောင်သို့ ဖြတ်သန်း သွားစဉ် လိုက်လံ စစ်ဆေးရာ မသင်္ကာဖွယ် သစ်များ သယ်ဆောင်လာသည်ဟု ယူဆရသဖြင့် ရွှေကြက်ယက် ဆိပ်ကမ်းသို့ ဆိုက် ကပ်ပြီး အဖွဲ့စုံဖြင့် စစ်ဆေးရာ ဝါးဖောင်များ အောက်တွင် သိုဝှက် သယ်ဆောင်လာတဲ့ ပျဉ်းကတိုးနဲ့ အင်ကြင်းတိုင်များကို စစ်ဆေးတွေ့ရှိသဖြင့် အကောက်ခွန်အမှုတွဲ ဖွင့်လှစ် ကာလုပ်ထုံးလုပ် နည်းနဲ့ အညီ မဟာအောင်မြေ သစ်သော ဦးစီးဌာနသို့ အပ်နှံဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ တွင်းမန္တလေး ဆိပ်ကမ်း နယ်မြေ Mobile Team အဖွဲ့မှ ကျွန်းနှင့် သစ်မာ၊ သစ်လုံး၊ ခွဲသားဆိုဒ်စုံ (၂၈၁၆) ချောင်း၊ သစ်လုံး (၅၅) လုံးကို တန်ချိန်ပေါင်း  ၅၉ ဒသမ ၉၃ တန်အား ဖော်ထုတ်တားဆီး အရေးယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

          DCCA DCCA