လူသုံးကုန်၊ စားသောက်ကုန်၊ အလှကုန်နှင့်ဆိုင်ကယ်အပိုပစ္စည်းများ အကောက်ခွန်မဲ့ ဖမ်းဆီးရမိ
နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တာချီလိတ်၊ မိုင်းခုတ်၊ မိုင်းဖြတ်လမ်းတွင် တရားမဝင် ကုန်ပစ္စည်း များအား ညအချိန်တွင် ဖြတ်သန်း သယ်နေကြောင်း သတင်းရရှိသဖြင့် အဖွဲ့ခွဲ၍ စောင့်ကြည့်နေစဉ် ၀၀း၀၅ ချိန်တွင် ယာဉ်အမှတ် 5G/xxxx SKAT အမျိုးအစား အဖြူရောင် Tipper ယာဉ်တစ်စီးမောင်းနှင် သွားသဖြင့် Mobile Team အဖွဲ့မှလိုက်လံ ဖမ်းဆီးခဲ့ရာ ဝှေ့ပါလန်းရွာနှင့် ကျောက်လိုဏ်ဂူခြား လမ်းပေါ်တွင် တရားမဝင် သယ်ဆောင် လာသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း (၆) မျိုး ခန့်မှန်း တန်ဖိုးကျပ် ၆ ဒသမ ၉၇၅ သန်းအား ဖမ်းဆီးရမိပြီး တာလေတိုးဂိတ် တွင်လည်း ၁၀း၀၀ ချိန်မှ ၁၆း၀၀ ချိန်အတွင်း Mobile Team အဖွဲ့က တာချီလိတ်မှ ကျိုင်းတုံသို့ ဖြတ်သန်း သွားသည့် မော်တော်ယာဉ် များကို စစ်ဆေးခဲ့ရာ လူသုံးကုန် ၊ စားသောက် ကုန်နှင့် ဆိုင်ကယ် အပိုပစ္စည်းများ ခန့်မှန်း တန်ဖိုးကျပ် ၃ ဒသမ ၇၄၉ သန်းကိုလည်း ဖမ်းဆီး ရမိခဲ့ပါတယ်။ အလားတူဝှေ့ရဲ စစ်ဆေးရေး ဂိတ်တွင်လည်း ၄ဂ /xxxx Tiger ယာဉ်နှင့် ၃ခ/xxxx 4 Wheel မော်တော်ယာဉ်များပေါ်မှ အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့်DVD အပိုပစ္စည်းများ စုစုပေါင်းပစ္စည်း (၄၀) မျိုးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါသိမ်းဆည်းရမိ အကောက်ခွန်မဲ့ပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၆ ဒသမ ၄၂၅ ဖြစ်ပြီး အကောက်ခွန် အမှုတွဲ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
DCCA DCCA