ရှောင်ကွင်းလမ်းတွင် စုပုံထားတဲ့ တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများကို ပိုင်ရှင်မဲ့တွေ့ရှိ
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အေးရှားဝေါလ် တိုးဂိတ်အနီးရှောင်ကွင်း လမ်းမှာ တရားမဝင်စုပုံထားတဲ့ စောင်ထုပ် Digital Printer ink ၊ စတစ်ကာစက္ကူ၊ လက်အိတ်၊ ခြေအိတ်၊ အင်္ကျီ၊ မစီးဖိနပ်၊ ကလေးစီးဖိနပ်၊ အနွေးဖိနပ်၊ ဘေးလွယ်အိတ်၊ ကျောပိုးအိတ်၊ ဂျင်းဘောင်းဘီထုပ်၊ Led မီးလုံး၊ မီးစလောင်း၊ လျှပ်စစ်ရေနွေးအိုးနဲ့ Electric Heater များကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ ခဲ့တယ်လို့ သိရပါတယ်။ အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့တွင် လည်း အဆိုပါရှောင်ကွင်း လမ်းပေါ်တွင် နာရီထည့်ဘူးခွံနဲ့ ဒူးစွပ်တို့အား ပိုင်ရှင်မဲ့ထပ်မံ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပိုင်ရှင်မဲ့စုပုံထားတဲ့ တရားမဝင် အကောက်ခွန်မဲ့ပ စ္စည်းများအား မူဆယ် မြို့နယ် အကောက်ခွန် ဦးစီးဌာနသို့ လွှွဲပြောင်း အပ်နှံပြီး အကောက်ခွန်အမှုတွဲ ဖွင့်လှစ်ပြီးဖြစ်တယ်လို့ သိရပါတယ်။
DCCA DCCA