ဂျူတီယာဉ် (၂) စီးပေါ်မှID ထက် ပိုမိုတင်ဆောင်လာတဲ့ အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းရမိ
မူဆယ် (၁၀၅) မိုင်စခန်း ထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်စဉ် အေးရှားဝေါလ် တိုးဂိတ်အနီးတွင် ဂျူတီ၁၂ ဘီးယာဉ်အမှတ် (9C/xxxx) ယာဉ်ပေါ်မှID ထက်ပိုမိုတင် ဆောင်လာတဲ့ PLY Wood (Wood Board) ၄၅၀ ချပ်ကို သိမ်းဆည်းရမိသဖြင့် အကောက်ခွန် အမှုတွဲဖွင့်လှစ်ကာ လုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်နိုင်ခဲ့ တယ်လို့ သိရပါတယ်။ အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့ တွင်လည်း ဂျူတီ ၆ ဘီးယာဉ် အမှတ် (၈ဈ /xxxx) ယာဉ်ပေါ်မှ ID ပါပစ္စည်း Warm Clothing (Child) အစား Warm Clothing Upper Wear (Adult) ကိုတင်ဆောင် လာကြောင်း စစ်ဆေးတွေ့ရှိသဖြင့် မူဆယ်မြို့နယ် အကောက်ခွန် ဦးစီးဌာနသို့ အဖွဲ့စုံဖြင့် လွှဲပြောင်း အပ်နှံပြီး အကောက်ခွန် အမှုတွဲဖွင့်လှစ် သိမ်းဆည်း ခဲ့တယ်လို့ သိရပါတယ်။
DCCA DCCA