တရုတ်နယ်စပ်မှ တင်ပို့တဲ့ပရဆေးကုန်ကြမ်း

 

၂၀၁၄ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်မှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ  ကန်ဒေါ်လာ ၁ ဒသမ ၆၇၉ သန်း တန်ဖိုးရှိတဲ့ ပရဆေးကုန်ကြမ်း အမယ် ၁၇ မျိုးတရုတ် နိုင်ငံကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးကုန် ကြမ်းတွေကတော့ ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်လျာစေ့၊ စကားပန်းပွင့်ခြောက်၊ ဝဥခြောက်၊ ဆီးသီးခြောက်၊ ဆီးဆံ၊ တောဂျင်း၊ တောဂျူးမြစ်၊ နနွင်းတက်၊ ရွေးရွက်၊ မျောက်ဥ၊ ဆေးမြင်းခွာ၊ ကွမ်းသီးအခွံ၊ ကွမ်းစားဂမုန်းနဲ့ သီဟိုစေ့ (အခွံမပါ) တို့ဖြစ်ပါတယ်။ နိုဝင်ဘာလ တစ်လလုံး မူဆယ်မှ ပရဆေးကုန်ကြမ်း ၃၂၅၃ တန် ကျော်ကို ကန်ဒေါ်လာ ၇ ဒသမ ၆၀၈ သန်းဖိုး၊ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၅၇၅၇ တန်ဖိုးရှိဒရင် ကောက်မြစ်တန် ၃၀ကိုတင်ပို့နိုင်ခဲ့ပါတယ် ။ မြန်မာနိုင်ငံက ထွက်တဲ့ ပရဆေးကုန်ကြမ်းတွေ ကိုတရုတ် နိုင်ငံမှာ တရုတ် တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာမှာ လည်းကောင်း၊ ဟင်းခတ် အမွှေးအကြိုင်များပြု လုပ်ရာမှာလည်းကောင်း လိုသလိုအသုံးပြုကြတယ်လို့ သိရပါတယ်။

                                                                            မော်မော်အောင် MIRT (DCCA)