မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ မကွေးမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံး သူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများ၊ ဈေးများတွင် အပတ်စဉ်စားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာ အသိပညာပေးဟောပြော ပွဲများ ကျင်းပလျက်ရှိရာ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့နံနက် ဝ၉ း ၃၀တွင် မကွေးမြို့ မြို့ဦးရပ်အမှတ် (၂) အထက်တန်းကျောင်းရှိ ကံကော်ခန်းမတွင် စားသုံးသူအကာအ ကွယ်ပေးရေး ဆိုင်ရာ ပညာ ပေးဟောပြောပွဲ ကျင်းပခဲ့သည်ဟု သတင်း ရရှိပါသည်။
အဆိုပါဟောပြောပွဲသို့ လက်ထောက်ကျောင်းအုပ်ကြီးနှင့် တကွ ဆရာ/ဆရာမ စုစုပေါင်း (၃၅) ဦး၊ ကျောင်းသား/ကျောင်းသူ (၅၀၂) ဦး၊ ကျောင်းမုန့်ဈေးတန်းမှ ဈေးသည် (၅) ဦး၊ စားသုံးသူ အကာအကွယ် ပေးရေးဌာနမှ ဝန်ထမ်း (၅) ဦးတက်ေ ရာက်ခဲ့ကြပြီး စားသုံး သူအကာ အကွယ်ပေးရေးဆိုင်ရာ အသိပညာပေး စာစောင်များ၊ ပိုစတာများ ဖြန့်ဝေပေးခဲ့ပါသည်။
အဆိုပါ စားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာ ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဦးစီးမှူး ဦးဝမ်းမောင်မှ အဖွင့်အမှာ စကားပြောကြားပြီး မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဌာနမှ တာဝန်ရှိသူ များကစား သုံးသူအကာ အကွယ်ပေးရေး ဆိုင်ရာ ဥပဒေများ၊ စီးပွားရေး လုပ်ငန်းရှင် များ၏ အခွင့်အရေးနှင့် တာဝန်များ၊ တားမြစ်ချက်များ အကြောင်း၊ အစားအသောက် များတွင် သုံးစွဲလျက်ရှိသော ဓါတုဆိုးဆေးများ အကြောင်း၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ကောင်းကျိုးနှင့် အဆိုး အပြစ် များအကြောင်း ဆွေးနွေးတင်ပြပြီး နိဂုံးချုပ်အနေဖြင့် တိုင်းဒေသကြီး ဦးစီးမှူးမှ မိမိဌာန၏ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများ၊ စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာလုပ်ငန်းများ အကြောင်း၊ စားသုံး သူများ တစ်စုံ တစ်ခုသော အကြောင်း အရာကြောင့် နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက တင်ပြတောင်းဆိုနိုင်ရန် အတွက် မကွေးတိုင်းဒေသကြီးတွင် စားသုံးသူ အငြင်းပွားမှု ဖြေရှင်း ရေးအဖွဲ့ ဖွဲ့စည်းထားရှိမှု အခြေအနေ ၊၎င်းအဖွဲ့အောက် တွင် တိုင်ကြားမှု လက်ခံရေးကော်မတီနှင့် ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဆိုင်ရာလုပ်ငန်းကော် မတီအား ဖွဲ့စည်းလျက် ရှိကြောင်း၊ ဌာနဆိုင်ရာ များမှ လည်း စားသုံးသူ အကာအကွယ်ပေးရေး အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်း ပူးပေါင်းေ ဆာင်ရွက်လျက် ရှိသည့် အခြေအနေများ၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေတွင် ပါဝင်သည့် ရည်ရွယ်ချက်နှင့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ အကြောင်းကို နိဂုံးချုပ်ဟောပြော ခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး ဦးစီးမှူးနှင့် ကျောင်းအုပ် ဆရာမကြီးတို့ ဦးဆောင်၍ မုန့်ရောင်းချ လျက်ရှိသော ကျောင်းမုန့်ဈေးဆိုင်များသို့ သွားရောက်ကာ မုန့်ရောင်းချမှု အခြေအနေများနှင့် သန့်ရှင်း လတ်ဆက်ပြီး ဘေးဥပဒ်မဖြစ်သော အစားအစာ များကိုသာ ရောင်းချကြရန် ညွှန်ကြားခဲ့ပြီး ၎င်းကျောင်းတွင် ကျောင်းကျန်းမာရေး စစ်ဆေး လျက်ရှိသော ကျောင်းကျန်းမာရေး အဖွဲ့များကို ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အကြောင်းနှင့် စားသုံးသူ အကာ အကွယ်ပေးရေး ဆိုင်ရာ ဥပဒေအကြောင်းကို ဆွေးနွေးကာ လက်ကမ်းစာစောင်များ၊ စားသုံးသူရေးရာ စာအုပ်များပေး ဝေခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန အနေဖြင့်၂၀၁၄ ခုနှစ် နိုဝင်ဘာလ၂၆ ရက်နေ့တွင် နတ်မောက်မြို့နယ်တွင် လူအင်အား (၁၅၀) ဦးနှင့် မြို့သစ်မြို့နယ်တွင် (၂၄၂) ဦး၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင်ပွင့်ဖြူ မြို့နယ်၊ လယ်ကိုင်း ကျေးရွာအုပ်စု မူလတန်း ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသူ/ကျောင်းသား (၁၃၄) ဦးအားလည်းကောင်း၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် မင်းဘူးမြို့နယ်၊ စကုမြို့တွင် အခြေခံ မူလတန်းကျောင်း၌ လူအင်အား (၁၄၀) ဦးအား လည်းကောင်း၊ စားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာ လက်ကမ်း စာစောင်များ၊ ပိုစတာ များဖြန့်ဝေပေး ခြင်းနှင့် ဆွေးနွေးဟောပြောပွဲများ ကျင်းပခဲ့ကြောင်း သတင်းရရှိပါ သည်။
(WM) စားသုံးသူရေးရာဌာန
မကွေး