တရုတ်နယ်စပ်က ပြောင်းတင်ပို့မှု နိုဝင်ဘာလမှာ တန်ချိန် ၂ သိန်းနီးပါးရှိ
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ကန်ပိုက်တီးစခန်းများမှ နိုဝင်ဘာလ နောက်ဆုံးပတ်မှာ ကန်ဒေါ်လာ ၁၃ ဒသမ ၈၀၉သန်း တန်ဖိုးရှိပြောင်းဖူးစေ့ ၄၆၈၅၈ တန်ခွဲကို တင်ပို့ နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့ခဲ့တဲ့ပြောင်းတန်ချိန်များမှာ မူဆယ်မှ ၄၃၇၃၀ တန်၊ ချင်းရွှေဟော်မှ ၂၃၉၀ တန်၊ လွယ်ဂျယ်မှတန် ၆၂၀ နဲ့ ကန်ပိုက်တီးမှ ၁၁၈တန်ခွဲ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ၄၄၅၈၇ တန်သာ တင်ပို့ခဲ့တာမို့ယခု ရက်သတ္တပတ်မှာ ပြောင်းတန်ချိန်၂၂၇၁ တန် ခွဲပိုမိုလာ ပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ တစ်လလုံး တရုတ်နယ်စပ်က ပြောင်းတင်ပို့မှု ၁၇၃၁၀ဝ ကျော်တင်ပို့နိုင်ခဲ့ ပါတယ်။ မူဆယ်ကုန်စည်ဒိုင်ရဲ့ ပြောင်းတစ်တန်ဈေးဟာ ယခု ရက်သတ္တပတ်မှာ၂၉၆၈၆၄ကျပ် ရှိပြီး ယခင်ရက်သတ္တပတ်က ၂၉၄၃၇၀ ကျပ် ရှိတာကြောင့် ပြောင်းဈေးလည်း မြင့်တက်လာ တာတွေ့ရပါတယ်။ တရုတ်နိုင်ငံက ဝယ်လိုအား ကောင်းနေတော့ ပြောင်းသစ်မပေါ်ခင် အဟောင်းလက်ကျန်ပဲ ရှိတဲ့အချိန်မို့ အရမ်းဈေးတက်သွားတာလို့ သိရပါတယ်။ ဝယ်လိုအားေ ရာ ရောင်းလိုအားပါ ယခုအချိန် မှာ ကောင်းနေတယ်လို့ မူဆယ် ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။
မော်မော်အောင် MIRT (DCCA)