ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များတွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစောမိုက်ကယ်၊ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန ဦးစီးအရာရှိ ဒေါက်တာ မျိုးထွန်းကျော်၊ ဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ စားသုံးသူ အကာအကွယ်ပေးရေး သိကောင်းစရာ ဟောပြောပွဲ များကို၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ၂၆ ရက်နေ့မှ၂၈ ရက်နေ့အထိ ဖျာပုံခရိုင် အတွင်း ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဖျာပုံမြို့များတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ၂၆ ရက်နေ့မွန်းလွဲ ၁ း ဝ၀ နာရီမှ ညနေ ၄ း ဝ၀ နာရီအထိ ဘိုကလေးမြို့၊ အမှတ် (၁) အခြေ ခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ရာ ဘိုကလေးမြို့နယ်၊ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင် တက်ရောက် အမှာစကားပြောကြား ခဲ့ပြီး ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းမုန့်ဈေး တန်းဈေး သည်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၅၇၅) ဦးတက်ရောက် ခဲ့ပါသည်။၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ၂၇ ရက်နေ့ နံနက်၁၀ း ဝ၀ နာရီအချိန် ကျိုလတ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် စားသုံးသူ အကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာ ဟောပြော ပွဲပြုလုပ်ခဲ့ရာ ကျိုက်လတ်မြို့၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ငါးရံ့ခြောက် လုပ်ငန်းရှင်များ၊ စားသောက်ဆိုင် ပိုင်ရှင်များ၊ ဆေးဆိုင် ပိုင်ရှင်များ၊ ကျောင်းမုန့်ဈေးတန်း ဈေးသည်များ၊ ဆရာ/ဆရာ မများ၊ ကျောင်းသား/သူများ စုစုပေါင်း (၃၆၅)ဦး တက်ရောက် ခဲ့ပါသည်။၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ၂၇ ရက်နေ့ မွန်းလွဲ ၁ း ဝ၀ နာရီအချိန် ဒေးဒရဲမြို့နယ်၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းခန်းမတွင် စားသုံးသူ အကာအကွယ် ပေးရေးအကြောင်း သိကောင်းစရာ အသိပညာေ ပးဟောပြောပွဲ ကျင်းပပြု လုပ်ခဲ့ရာ ဒေးဒရဲမြို့နယ်၊ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများ စုစုပေါင်း (၆၀၉) ဦးတက်ရောက် ခဲ့ပါသည်။၂၀၁၄ခုနှစ် ၊ နိုဝင် ဘာလ၂၈ ရက်နေ့ မွန်းလွဲ ၁ း ဝ၀ နာရီအချိန် ဖျာပုံခရိုင်၊ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် စားသုံးသူ အကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာ အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကျောင်းမုန့်ဈေးတန်း ဈေးသည်များ၊ ဆရာ/ဆရာမ များ၊ကျောင်း သား/သူများ စုစုပေါင်း(၂၄၂)ဦး တက်ရောက်ခဲ့ကြပါသည်။ ဖျာပုံခရိုင်အတွင်း ကျင်းပပြုလုပ်သော စားသုံးသူ အကာအကွယ်ပေး ရေးအကြောင်း သိကောင်းစရာ အသိပေး ပညာပေးဟောပြောပွဲ များတွင် စားသုံးသူ အကာအကွယ်ပေးရေး နှင့် ပတ်သက်၍ သိကောင်း စရာများ၊ ဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ်များနှင့်ရှေ့ ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းစဉ်များ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများ၊ စားသုံး သူများ၏ အခွင့် အရေးနှင့် တာဝန်ဝတ္တရားများ၊ ကုန်ပစ္စည်း ထုတ်လုပ်တင်သွင်း ရောင်းချသူများ၏ အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန် ဝတ္တရားများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူများ၊ ဆောင်ရန်ရှောင်ရန် အချက်များနှင့် အရာရာကို သံသယ စိတ်ဖြင့် လေ့လာသုံးသပ်ပြီးချင့် ချိန်စားသောက်ရန် လိုအပ်ကြောင်း၊ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းသည် ကြီးမားကျယ်ပြန့်သော လုပ်ငန်းစဉ်ဖြစ်၍ အနာဂါတ် မျိုးဆက်သစ်များ၊ ကျန်းမာပျှော်ရွှင် သောဘဝကိုရရှိပိုင် ဆိုင်နိုင်ရေး ယနေ့မှစ၍ ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။
ဧရာမြေ (ဧရာဝတီတိုင်း)