တရားမဝင်အကောက်ခွန်မဲ့ မုန်ညှင်းချဉ်၊ မာလခေါက်ဆွဲခြောက်နဲ့ တရုတ်ကြက်သွန်ဖြူ ကျပ်၂၇သိန်း နီးပါးဖိုး လရ-၁ အဖွဲ့ကရှာဖွေတွေ့ရှိ
မန္တလေး-မူဆယ် ကုန်သွယ်မှု လမ်းကြောင်းတွင် တရားမဝင် ကုန်သွယ်မှု တားဆီး ရေးနှင့်စားသုံးသူ အကာအကွယ်ပေးရေး တာဝန်ယူ ထမ်းဆောင်လျက် ရှိသော နောင်ချို ယာယီအခြေပြု လရ-၁ အဖွဲ့ သို့ နိုဝင်ဘာလ ၂၅ ရက်နေ့မွန်းလွဲ ၁၄း၃၀ ချိန်ခန့်က ဝင်ရောက် စစ်ဆေးခံတဲ့ မူဆယ်မှ ဆင်းလာသော Light Truckယာဉ်ပေါ်မှ ကျပ် ၂၁ သိန်းကျော် တန်ဖိုးရှိ မုန်ညှင်းချဉ် (1 x200 ဂရမ် x 50 ထုတ်) ၁၄၃ ဖာ၊ ကျပ် ၃ ဒသမ ၈၀ဝသိန်းတန်ဖိုးရှိ မာလခေါက်ဆွဲခြောက် ၃၈ ဖာနဲ့ ကျပ် ၁ ဒသမ ၇၁၆ သိန်းတန်ဖိုး ရှိတရုတ် ကြက်သွန်ဖြူ (1x20 ကီလိုဂရမ်)၂၂ အိတ်ကို စစ်ဆေးတွေ့ရှိခဲ့ရာမှာ FDA ၏ ထောက်ခံချက်၊ သွင်းကုန်လိုင်စင်၊ အကောက်ခွန်ဆောင်ပြီး စာရွက်စာတမ်းတစ်စုံတစ်ရာမှ မတွေ့ရှိရ ဘဲသိန္နီမြို့ တွင်သာပြည် တွင်းအခွန်ပေးဆောင် ထားသော စာရွက် စာတမ်းသာ တွေ့ရှိခဲ့သဖြင့် သိမ်းဆည်း ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
DCCA DCCA