ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှ သစ်လုံးများ တရားမဝင် ပြည်ပသို့ တင်ပို့မှု မရှိရေးဝိုင်းဝန်း တားဆီးကြစေလို
ရှမ်းပြည်နယ် အရှေ့ပိုင်း နဲ့တောင်ပိုင်း ဒေသများမှ ထုတ်လုပ်သော သစ်များကို ယခင်နှစ်များက အိမ်နီးချင်း နိုင်ငံသို့ တရားဝင်တင်ပို့ ခဲ့သော်လည်း ၂၀၁၄ ခုနှစ် ဧပြီလမှစ၍ ပြည်ပသို့ သစ်လုံးတင်ပို့ခြင်းကို ပိတ်ပင်လိုက် သဖြင့် ခုတ်လှဲထားပြီး သစ်လုံးများစွာ သစ်တောများထဲ၌ ကျန်ရှိနေပါတယ်။ အချို့က နည်းမျိုးစုံဖြင့် သယ်ယူပြီး အိမ်နီးချင်းနိုင်ငံသို့ တင်ပို့နေကြသလို အချို့ကလည်း သစ်အချောထည် ပရိဘောဂ စက်ရုံတည်ပြီး ပရိဘောဂများ ထုတ်လုပ်သွားရန် စီစဉ်မှုများလည်း ရှိနေကြ တယ်လို့ သိရပါတယ်။လက်ရှိသယ်ဆောင်နေသော လမ်းကြောင်းများမှာ မိုင်းတုံ-မိုင်းဆတ်-ကျိုင်းတုံ-မိုင်းလားမှ လည်းကောင်း၊ မိုင်းတုံ-မိုင်းဆတ်-ဝမ်ပုံမှ ရေလမ်းဖြင့်လည်းကောင်း၊ မိုင်းတုံ-မိုင်းဆတ်-မိုင်းပြတ်-တာလေ-ကျိုင်းလပ်မှ ရေ လမ်းဖြင့် လည်းကောင်း အိမ်နီးချင်းနိုင်ငံသို့ သယ်ဆောင် နေတာဖြစ်ပါတယ်။ ယခုအခါ ပွင့်လင်းရာသီရောက် လာပြီဖြစ်၍ ရှောင်ကွင်းလမ်းများမှ တရားမဝင် သယ်ဆောင် မှုများပိုမို လာတော့မှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့က မိုင်းပန်၊ မိုင်းတုံ၊ မိုင်းဆတ်မြို့နယ် အတွင်းရှိ ကျွန်းသစ်များအား သယ်ထုတ်စဉ် မိုင်းတုံမြို့ နယ်နဲ့ သံလွင်မြစ်ကူးတာဆန်း တံတားအကြား တောင်သုံးလုံးတောင်ကြားမှာ သစ်ကားတစ်စီး တိမ်းမှောက်ခဲ့တဲ့အတွက် ယာဉ်ပေါ်ပါ ၁၀ ဦးအနက် ၃ဦးမှာ နေရာ တွင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်သူများဆေးရုံတွင် ဆေးကုသမှုခံယူ နေကြတယ်လို့ သိရှိခဲ့ ပါတယ်။
တာချီလိတ် Mobile Team အနေနဲ့ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် သယ်ဆောင်လာသော သစ်များကိုသာ လက်လှမ်းမီနိုင် မှာဖြစ်ပြီး မိုင်းတုံ၊ မိုင်းဆတ်မှ ကျိုင်းတုံဘက် ထွက်မဲ့သစ်များကို တားဆီးရန်ခက်ခဲ လျက်ရှိပါတယ်။ လက်ရှိအခြေအနေရ လွယ်တော်ခမ်း၊ ဝှေ့ရဲ၊ ဝှေ့လေလန်တို့မှာ တာချီလိတ် Mobile Teamအဖွဲ့ကပိတ်ဆို့နိုင်သဖြင့် သယ်ဆောင်နိုင်မှု မရှိပါဘူး၊ ကျိုင်းတုံ Mobile Teamက လည်းမိုင်းလား သို့ထွက်မဲ့သစ်များကို နောင်ငင်းဂိတ်မှ တားဆီးနိုင်သော်လည်း မိုင်းတုံ-တာဆန်း-မိုင်း ပန်လမ်းကြောင်းနဲ့ မိုင်းဖြတ်-တာလေ-ကျိုင်းလပ် လမ်းကြောင်းကိုပြောင်း အသုံးပြုနေကြပြီလို့ မြေပြင် သတင်းထောက်လှမ်း ရရှိထားပါတယ်။ တရားမဝင် သစ်များကို သယ်ဆောင်ခြင်းကို တားဆီးရန် အဓိကတာဝန်ရှိတဲ့ သစ်တော ဦးစီးဌာန အပါအဝင် အစိုးရဌာနဆိုင်ရာများနဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ အစည်းများပါ ပါဝင်ဆောင်ရွက်ပြီးထိရောက်စွာ တားဆီးပေးနိုင်ရန် အပြုသဘောနဲ့ အသိပေးလိုက်ရပါတယ်။
DCCA DCCA