ရုံးလုပ်ငန်း အထောက်အကူပြု AI လက်တွေ့အသုံးချမှုသင်တန်း

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ဝန်ကြီးဌာန ၏ ဒီဂျစ်တယ်အသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေရန်နှင့် AI နည်းပညာ ကို အသုံးပြု၍ ရုံးလုပ်ငန်းများဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ “ရုံးလုပ်ငန်း အထောက်အကူပြု AI လက်တွေ့အသုံးချမှုသင်တန်း” ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ မှ ၃၁ ရက်နေ့ အထိ နံနက် (၁၀:၀၀) နာရီမှ (၁၅:၅၀) နာရီ အထိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၁) ဦး တို့ဖြင့် Multimedia သင်တန်းခန်းမ၌ ဖွင့်လှစ် ပို့ချလျက်ရှိပါသည်။

၂။            သင်တန်းအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် တည်ထောင်ထားသည့် မြန်မာ-ဂျပန်စင်တာ (MJC) ၏ ပံ့ပိုးကူညီမှုဖြင့် KMD Co., Ltd မှ သင်ကြားပို့ချခြင်းဖြစ်ပါသည်။

၃။           အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးရုံး၊ အမြဲတမ်းအတွင်းဝန် ဦးအောင်သွင်ဦး၊ ဒုတိယညွှန်ကြားရေးမှုးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ နှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၄၁) ဦးတို့ တက်ရောက်ခဲ့ပါသည်။