“ စီးပွားရေး သံမှူး အတွေ့အကြုံများ ဝေမျှခြင်း ” ခေါင်းစဉ်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ အစည်းအဝေးခန်းမ -၂ ၌ Knowledge Sharing ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ခဲ့ပါသည်။
၂။ ကုန်သွယ်ရေးဦးစီးဌာန၊ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ၊ ဒုတိယညွန်ကြား ရေးမှူး ဒေါ်ပပ က “ စီးပွားရေးသံမှူး အတွေ့အကြုံများ ဝေမျှခြင်း ” ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြ ခဲ့ပါသည်။
၃။ ဆွေးနွေးပွဲတွင် စီးပွားရေး သံမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့မှု အခြေအနေများ နှင့် စပ်လျဉ်း၍ သုံးသပ်တင်ပြချက် အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။
၄။ ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မိုးမိုးသွယ် က ဆွေးနွေးတင်ပြသော ဒုတိယညွှန်ကြားရေးမှူး ဒေါ်ပပ အား ဂုဏ်ပြု ချီးမြှင့်ငွေပေးအပ်ခဲ့ပါသည်။
၅။ အဆိုပါ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး နှင့် ဦးစီးဌာနများမှ အရာထမ်း (၉၀) ဦး၊ အမှုထမ်း (၅၅) ဦး ၊ စုစုပေါင်း (၁၄၅) ဦး တို့ တက်ရောက်ခဲ့ပါသည်။
