ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးတွင် သံမှူးတာဝန် ထမ်းဆောင်ခဲ့မှု အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃) ၊ အစည်းအဝေးခန်းမ-၂ ၌ Knowledge Sharing ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ မေလ(၁၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ခဲ့ပါသည်။
၂။ ကုန်သွယ်ရေးဦးစီးဌာန၊ WTOနှင့်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့် ဆက်နွယ်နေသောအဖွဲ့ အစည်းများဌာနခွဲမှ ဒုတိယညွန်ကြားရေးမှူး ဦးဇာနည်မြင့်ဆွေ က “ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးတွင် သံမှူးတာဝန်ထမ်းဆောင်ခဲ့မှု အတွေ့အကြုံများ ရှင်းလင်း တင်ပြခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။
၃။ ဆွေးနွေးပွဲတွင် WTO သံမှူးတာဝန်ထမ်းဆောင်နေမှု အခြေအနေများ၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ အစည်းအဝေးကျင်းပမှု အခြေအနေများ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ညှိနှိုင်း ဆွေးနွေးလျက် ရှိသည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံက လိုက်ပါဆွေးနွေးနေမှုနေမှုများ နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ ညှိနှိုင်း ဆွေးနွေးနေမှုများအပေါ် သုံးသပ်တင်ပြခြင်း အကြောင်းအရာများ ဆွေးနွေးခဲ့ပါသည်။
၃။ အဆိုပါ ဆွေးနွေးမှုနှင်ပတ်သက်၍ ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မိုးမိုးသွယ်၊ ညွှန်ကြားရေးမှူး ဦးညီညီအောင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်တိုးတိုးဝင်းတို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် လမ်းညွှန် အမှာ စကား ပြောကြားခဲ့ပါသည်။
၄။ ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးအောင်သွင်ဦး က ဆွေးနွေးတင်ပြသော ဒုတိယညွှန်ကြားရေးမှူး ဦးဇာနည်မြင့်ဆွေအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ပါသည်။
၅။ အဆိုပါ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း (၁၁၈) ဦး၊ အမှုထမ်း (၆၀) ဦး ၊ စုစုပေါင်း (၁၇၈) ဦး တို့ တက် ရောက်ခဲ့ပါသည်။
