Computer Excel (Basic) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) (သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ အခြေခံရုံးလုပ်ငန်းသုံး Excel တတ်မြောက်စေရန်နှင့် ၄င်းမှ တဆင့် ကုန်သွယ်မှုလုပ်ငန်းများနှင့် သက်ဆိုင်သည့်စနစ်များအား ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်းဖြင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ Computer Excel (Basic) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းကို  ဖွင့်လှစ် ပို့ချရခြင်းဖြစ်ပါသည်။

၂။         အဆိုပါသင်တန်းတွင် သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီး ဌာနမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၂) ဦး တို့ဖြင့် သင်တန်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ Multimedia သင်တန်းခန်းမ၌ နေ့လယ် (၁၃:၃၀) နာရီမှ (၁၆:၀၀) နာရီထိ ရက်သတ္တပတ် (၂) ပတ်ကြာ ဖွင့်လှစ် ပို့ချမည်ဖြစ်၍ သင်တန်းနည်းပြအဖြစ် ကုန်သွယ်ရေးဦးစီး ဌာန၊ သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ မှ ဦးစီးအရာရှိ ဒေါ်ဖြူမာဝင်း က သင်ခန်းစာများ ကို ပို့ချသွားမည် ဖြစ်ပါသည်။