ကုန်သွယ်မှုဆိုင်ရာ အသိပညာပေး သင်တန်း (သတင်း အပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန၊ တာချီလိတ် ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုလျာထားချက် ပမာဏ ပြည့်မီကျော်လွန်ရေးအတွက် ကုန်သွယ်မှုဆိုင်ရာ အသိပညာပေးသင်တန်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်၊ သောကြာနေ့ နံနက်(၀၉:၀၀) နာရီမှ ညနေ(၁၆:၄၅) နာရီထိ တာချီလိတ် ကုန်သွယ်ရေးစခန်း(မယ်ယန်း) ၌ ဖွင့်လှစ်ခဲ့ပါသည်။
၂။ အဆိုပါသင်တန်းကို သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး သင်တန်းနည်းပြ အဖြစ် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ချိုသက်မူ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်း နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်စိုး တို့က သင်ကြားပို့ချခဲ့ပြီး တာချီလိတ်၊ ပို့ကုန် သွင်းကုန်လုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များတက်ရောက်ခဲ့ပါသည်။
