အမှုထမ်းများအတွက် လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁၀/၂၀၂၅-၂၀၂၆) (သတင်းအပြည့်အစုံ)
အမှုထမ်းများအတွက် လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေး
သင်တန်းအမှတ်စဉ် (၁၀/၂၀၂၅-၂၀၂၆)
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အမှုထမ်းများအား လုပ်ငန်းခွင်သုံး ဥပဒေဆိုင်ရာအသိပညာများ သိရှိနားလည်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁၀/၂၀၂၅-၂၀၂၆) သင်တန်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၂၈ ရက်နေ့ မှ စတင်၍ ရုံးအမှတ် (၃)၊ ဧရာဝတီခန်းမ၌ ဖွင့်လှစ်ပို့ချလျက် ရှိပါသည်။
၂။ အဆိုပါသင်တန်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာ ဥပဒေကျွမ်းကျင်သည့် အရာထမ်းများက သင်ကြားပို့ချမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးရုံး မှ အမှုထမ်း (၈)ဦး၊ ကုန်သွယ်ရေးဦးစီးဌာန မှ အမှုထမ်း (၅၀) ဦး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ မှ အမှုထမ်း (၁၄) ဦး၊ စုစုပေါင်း (၇၂) ဦး တက်ရောက်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့ မှ စ၍ (၁၄) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။
