ICT Foundation Course သင်တန်း (သတင်းအပြည့်အစုံ)

ICT Foundation Course သင်တန်း

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ ရက်တိုသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ ICT Foundation နှင့် ပတ်သက်သည့် သိကောင်းစရာများကို ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ(၂၈) ရက်နေ့မှ (၃၁) ရက်နေ့အထိ နံနက်(၁၀:၀၀) နာရီ မှ (၁၂:၀၀) နာရီအချိန်ထိ ကုန်သွယ်ရေးဦးစီးဌာန၊ ဧရာဝတီခန်းမ၌ သင်ကြားပို့ချပေးလျက်ရှိပါသည်။

၃။         သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၂၀)ဦးတို့တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြအဖြစ် Shwe Digit Co.,Ltd  မှ ဦးချမ်းငြိမ်းကျော်နှင့် MSI Tech Co., Ltd မှ ဦးအောင်ခွန်နေဇာစံတို့က ဆွေးနွေးပို့ချခဲ့ပါသည်။